• Home
  • Football News
  • Premier League
  • ၂၀၂၅ Golden Boy အကောင်းဆုံးလူငယ်ကစားသမားဆုအတွက် အပြီးသတ် ၂၅ ဦးစာရင်း ထုတ်ပြန်

၂၀၂၅ Golden Boy အကောင်းဆုံးလူငယ်ကစားသမားဆုအတွက် အပြီးသတ် ၂၅ ဦးစာရင်း ထုတ်ပြန်

၂၀၂၅ Golden Boy အကောင်းဆုံးလူငယ်ကစားသမားဆုအတွက် အပြီးသတ် ၂၅ ဦးစာရင်း ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။

Golden Boy ဆုကို အီတလီအခြေစိုက် Tuttosport သတင်းစာက အားကစားဂျာနယ်လစ််တွေရဲ့ မဲပေးမှုနဲ့ ချီးမြှင့်ခြင်းဖြစ်ပြီး ဥရောပထိပ်တန်းလိဂ်တွေမှာ ကစားနေတဲ့ အသက် ၂၁ နှစ်အောက်ကစားသမားတွေကို ဆန်ခါတင်စာရင်းမှာ ရွေးချယ်ထားပါတယ်။

အခုစာရင်းဟာ ဆန်ခါတင် ၅၀ ဦးစာရင်းကနေ အပြီးသတ် ၂၅ ဦးအဖြစ် ရွေးချယ်ထားတာပါ။

အပြီးသတ် ၂၅ ဦးစာရင်းမှာ PSG အသင်းက ဒူအေ၊ ဇာအီရီအမ်မရီ၊ မာယူလူ၊ ရီးယဲလ်အသင်းက အာဒါဂူလာ၊ ဟိုင်ဆန်၊ မာစတန်တူအိုနိုတို သုံးဦးစီနဲ့ အများဆုံးရွေးချယ်ခံထားရပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ်က လူးဝစ်စကယ်လီ၊ နွမ်နယ်ရီ (အာဆင်နယ်)၊ ဟာတို၊ အီစတေဗို (ချယ်လ်ဆီး)၊ ဘက်ဗားလ်၊ ဂရေး (စပါး)၊ ယိုဟို (မန်ယူ)၊ အိုရိုင်လီ (မန်စီးတီး)၊ လီယွန်နီ (လီဗာပူးလ်) စတဲ့ ကစားသမား ကိုးဦးအထိ ရွေးချယ်ခံထားရကြောင်း သိရပါတယ်။

Golden Boy ဆုကို ၂၀၀၃ ခုနှစ်မှာ စတင်ချီးမြှင့်ခဲ့ပြီး စည်းမျဉ်းအရ ကစားသမားတစ်ဦးဟာ တစ်ကြိမ်သာ ချီးမြှင့်ခံရမှာဖြစ်ပါတယ်။

၂၀၂၅ Golden Boy ဆု အပြီးသတ် ၂၅ ဦးစာရင်း

ကူဘာဆီ (ဘာစီလိုနာ)၊ ဒူအေ (PSG)၊ ဟိုင်ဆန် (ရီးယဲလ်)၊ ယီလ်ဒစ်ဇ် (ဂျူဗင်တပ်စ်)၊ လူးဝစ်စကယ်လီ (အာဆင်နယ်)၊ ဇာအီရီအမ်မရီ (PSG)၊ ဂူလာ (ရီးယဲလ်)၊ မာစတန်တူအိုနို (ရီးယဲလ်)၊ နွမ်နယ်ရီ (အာဆင်နယ်)၊ ဟာတို (ချယ်လ်ဆီး)၊ ကွမ်ဒါ (စပိုတင်းလစ္စဘွန်း)၊ အီစတေဗို (ချယ်လ်ဆီး)၊ ယိုဟို (မန်ယူ)၊ မာယူလူ (PSG)၊ အိုရိုင်လီ (မန်စီးတီး)၊ ဘန်ဆက်ဟာ (လေဗာကူဆင်)၊ ဖရိုဟော့ (ပေါ်တို)၊ ဘက်ဗားလ် (စပါး)၊ ဂရေး (စပါး)၊ မာမာဒူဆား (စထရာဘိုး)၊ ဂျိုဘီဘယ်လင်ဂမ် (ဒေါ့မွန်)၊ အက်စ်ပိုဆီတို (အင်တာမီလန်)၊ မိုရာ (ပေါ်တို)၊ လီယွန်နီ (လီဗာပူးလ်)၊ စတန်ကိုဗစ် (ကလပ်ဘရုဂေး)

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...