လမ်းပတ်စတိုင် သွင်းဂိုးတွေနဲ့ အန်ဇို

မာရက်စ်ကာက Tactical demands မြင့်မားသူပါ။သူ့ကစားသမားတွေကိုနေရာစုံကစားနိုင်တာမျိုး
သဘောကျတယ်။ အန်ဇိုလည်း မာရက်စ်ကာလက်ထဲမှာဆေးစက်ကျရာအရုပ်ထင်ခဲ့ပါတယ်။
အရင်တုန်းကကွင်းလယ်မှာအထိုင်ချကစားရသူကိုမာရက်စ်ကာက တိုက်စစ်ပိုပြီးလိုက်ပါခိုင်းခဲ့တယ်။

No 6 role ကနေ No 8 Role ပုံစံ၊ တခါတလေအန်ဇိုကNo 10 role ပုံစံဖြစ်နေတတ်တယ်။
အဲဒီအပြောင်းအလဲဟာအန်ဇိုပိုကောင်းဖိုဖြစ်လာတယ်။ အန်ဇိုရဲ့ပြိုင်ဘက်ခံစစ်ဇုန်ထဲ
ဘောလုံးပေးပိုမှုတွေပိုကောင်းလာတယ်။ဂိုးကန်သွင်းမှုနဲ့ အခွင့်အရေးဖန်တီးမှုတွေ
ပိုထက်မြက်လာတယ်။ သူ့ရဲ့outstanding vision ကလည်းပြိုင်ဘက်ခံစစ်ကို ဖောက်ထွက်နိုင်မယ့်ဗျူဟာဖြစ်လာတယ်။

အန်ဇိုက ပွဲမကစားရလည်း လေ့ကျင့်ရေးကွင်းမှာမခိုမကပ်ပြင်းပြင်းထန်ထန်ကြိုးစားတတ်သူပါ။
အခက်အခဲတွေရင်ဆိုင်ရချိန်တိုင်းရုန်းကန်ကြိုးစားမှုနဲ့ လူသားဆန်မှုတွေဟာ
ကိုယ်လိုချင်တဲ့အရာကိုပိုင်ဆိုင်စေတယ်လိုအန်ဇိုယုံကြည်တယ်။ချယ်လ်ဆီးအသင်းမှာ သူမကစားရလည်း
ပွဲထွက်ကစားနေသူတွေကို မနာလိုမဖြစ်ပါဘူး။

ချယ်လ်ဆီးအသင်းအတွက်ကိုယ်စားပြုသူအားလုံးကိုအန်ဇိုအားပေးနေပါတယ်။ ကွင်းထဲမှာအစွမ်းပြခွင့်မရှိလည်း အရန်ခုံထိုင်ရင်း အားပေးနေတတ်တယ်။ချယ်လ်ဆီးအလိုရှိချိန်မှာ အန်ဇိုက ပေးဆပ်ဖိုအတွက်
အသင့်ရှိနေသူပါ။

ကစားသမားတစ်ယောက်အတွက် ဆုဖလားအောင်ပွဲဆိုတာ မျှော်လင့်အိပ်မက်ပါပဲ။
အန်ဇိုကအာဂျင်တီးနားအသင်းနဲ့အတူအခမ်းနားဆုံးကမ္ဘာ့ဖလားအောင်ပွဲပိုင်ဆိုင်ထားပေမယ့်
ချယ်လ်ဆီးနဲ့ရမယ့်ဆုဖလားအောင်ပွဲကို ပြင်းထန်စွာတပ်မက်နေပါတယ်။ ချယ်လ်ဆီးနဲ့ ကွန်းဖရန့်လိဂ်၊
ဖီဖာကလပ်ကမ္ဘာ့ဖလားတွေ ပိုင်ဆိုင်ထားသူအန်ဇိုက နောက်ထပ်အောင်မြင်မှုမျှော်လင့်နေတယ်။

ဘင်ဖီကာနဲ့ချန်ပီယံလိဂ်ပွဲမှာ အန်ဇိုက
အသင်းဟောင်း ပရိသတ်တွေရဲ့အမုန်းကိုရင်ဆိုင်ခဲ့ရတယ်။ အန်ဇိုထောင့်ကန်ဘောကန်ချိန်မှာဘင်ဖီကာအသင်းပရိသတ်တွေက အရာဝတ္ထုတွေနဲ့ ပစ်ပေါက်ခဲ့တာပါ။ အန်ဇိုက ဘင်ဖီကာအသင်းပရိသတ်ရဲ့အမုန်းကို
စွမ်းဆောင်ရည်ကောင်းပြသပြီးတုံပြန်ခဲ့တယ်။
ချယ်လ်ဆီးအသင်းအနိုင်ဂိုးရအောင် အန်ဇိုစွမ်းဆောင်ပေးခဲ့တာလည်းဖြစ်ပါတယ်။

ဘင်ဖီကာအသင်းနဲ့ပွဲမှာ အန်ဇိုက လမ်းပတ်စတိုင်
Late run နဲ့ ဂိုးဧရိယာထဲ ပြေးဝင်ပိတ်သွင်းခဲ့ရာကနေ
ဂိုးရခဲ့တာပါ။လက်ရှိရာသီမှာ အန်ဇိုကလမ်းပတ်စတိုင်
Late Run နဲ့ ဂိုးဧရိယာထဲပြေးဝင်ပြီးဂိုးသွင်းတာ
သုံးဂိုးရှိနေပါပြီ။

ပါလ်မာက ဒဏ်ရာပြဿနာ ရင်ဆိုင်နေရချိန်မှာ
အန်ဇိုက လိုနေတဲ့ကွက်လပ်ကိုဖြည့်ပေးခဲ့တာဖြစ်ပါတယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...