• Home
  • Football News
  • Premier League
  • လီဗာပူးလ်အသင်းမှာ ရုန်းကန်နေရတဲ့ ဗက်ဇ်ကို နာဂယ်စမန်းနဲ့ ယာဂန်ကလော့ပ် ကာကွယ်

လီဗာပူးလ်အသင်းမှာ ရုန်းကန်နေရတဲ့ ဗက်ဇ်ကို နာဂယ်စမန်းနဲ့ ယာဂန်ကလော့ပ် ကာကွယ်

လီဗာပူးလ်အသင်းမှာ ရုန်းကန်နေရတဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဗက်ဇ်ကို ဂျာမနီအသင်းနည်းပြ နာဂယ်စမန်းနဲ့ လီဗာပူးလ်အသင်းနည်းပြဟောင်း ယာဂန်ကလော့ပ်တိုက ကာကွယ်ပြောကြားခဲ့ပါတယ်။

ဗက်ဇ် (၂၂ နှစ်)ဟာ ယခုနွေရာသီမှာ လေဗာကူဆင်အသင်းကနေ လီဗာပူးလ်အသင်းကို ကလပ်စံချိန်တင်ကြေး ပေါင် ၁၁၆ သန်းနဲ့ ပြောင်းရွှေ့လာသူဖြစ်ပါတယ်။

၎င်းဟာ ပြိုင်ပွဲစုံ ၁၀ ပွဲ ကစားထားပေမဲ့ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု တစ်ကြိမ်သာ မရှိသေးလို ဝေဖန်ပြစ်တင်ခံနေရပါတယ်။

ဒါပေမဲ့ Opta ရဲ့ အချက်အလက်တွေအရ ဗက်ဇ်ဟာ အခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အခွင့်အရေးဖန်တီးနိုင်တာ ၂၁ ကြိမ်ရှိပြီး တခြားကစားသမားအားလုံးထက် ပိုများပါတယ်။

”သူက ဂိုးမသွင်းနိုင်ပေမဲ့ ပရီးမီးယားလိဂ်မှာ အခွင့်အရေးဖန်တီးနိုင်မှုအများဆုံး ကစားသမားပါ။ သူ့အသင်းဖော်တွေက ဂိုးအဖြစ် မပြောင်းလဲနိုင်တာ သူ့အမှားမဟုတ်ပါဘူး။ အချက်အလက်တွေက ဇာတ်လမ်းတစ်ခုလုံးကို မပြောပြနိုင်ပါဘူး။
ဗက်ဇ်က လိဂ်ပြိုင်ပွဲနဲ့ အသားကျဖိုလိုပါတယ်။ သူ လွတ်လပ်မှုအပြည့်နဲ့ ကစားနေတာကို ကျွန်တော် တွေ့ပါတယ်။ သူက ဘာတွေလုပ်နိုင်တယ်၊ ဘယ်လိုလုပ်ရလဲဆိုတာ သိပါတယ်”လို နာဂယ်စမန်းက ပြောခဲ့ပါတယ်။

ယာဂန်ကလော့ပ်ကလည်း ”သူ့ရဲ့ အရည်အသွေးက အရမ်းထူးခြားပါတယ်။ ပြောဆိုတာတွေက နည်းနည်းချဲ့ကားနေတာပါ။ သူက ရာစုနှစ်မှာ တစ်ခါလောက်တွေ့ရတဲ့ သူမျိုးပါ။ လေဗာကူဆင်မှာ လုပ်ခဲ့သလိုမျိုး ပွဲတိုင်းမှာ သူလုပ်ပြနိုင်ဦးမှာပါ”လို မှတ်ချက်ပြုခဲ့ပါတယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...