• Home
  • Football News
  • Premier League
  • ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ပရီးမီးယားလိဂ်ဝက်ဘ်ဆိုက်မှာ ဆန္ဒမဲပေးနိုင်ပြီ

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ပရီးမီးယားလိဂ်ဝက်ဘ်ဆိုက်မှာ ဆန္ဒမဲပေးနိုင်ပြီ

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ပရီးမီးယားလိဂ်ဝက်ဘ်ဆိုက်မှာ ဆန္ဒမဲပေးနိုင်ပြီ

၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆု ရရှိမယ့်အသင်းကို ပရီးမီးယားလိဂ်ဝက်ဘ်ဆိုက်မှာ ဆန္ဒမဲပေးနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။

ပရီးမီးယားလိဂ်က ဒီအစီအစဉ်ကို တနင်္ဂနွေနေ့မှာ စတင်ခဲ့တာဖြစ်ပြီး လောလောဆယ်မှာ အာဆင်နယ်အသင်းက ဆန္ဒမဲအများဆုံးရရှိထားကြောင်း သိရပါတယ်။

အာဆင်နယ်အသင်းက ပရီးမီးယားလိဂ်ပွဲစဉ်(၇)မှာ အမှတ်ပေးဇယားထိပ်ဆုံးနေရာကို လွှဲပြောင်းရယူနိုင်ခဲ့သလို၊ လာမယ့်ပွဲစဉ်(၄)ပွဲမှာ လီဗာပူးလ်က ပွဲကျပ်ပြီး အာဆင်နယ်က ပွဲချောင်နေတာကြောင့်လည်း ဆန္ဒမဲအများဆုံး ရရှိခြင်းဖြစ်ဖွယ်ရှိပါတယ်။

လီဗာပူးလ်က ဒုတိယမဲအများဆုံးရရှိထားပြီး မန်စီးတီးက တတိယမဲအများဆုံးရရှိထားပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ၂၀၀၃-၀၄ ရာသီမှာ ရှုံးပွဲမရှိရလဒ်နဲ့ နောက်ဆုံးအကြိမ်ရရှိခဲ့ပြီး ချန်ပီယံဆုနဲ့ ဝေးကွာနေတာ (၂၁)နှစ်ရှိပြီဖြစ်ပေမဲ့ နောက်ဆုံး(၃)ရာသီဆက်တိုက် အကောင်းဆုံးစိန်ခေါ်သူအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...