
ဂန္ထဝင်ရန်ပုံငွေပွဲမှာ ချယ်လ်ဆီးအသင်းကို လီဗာပူးလ် အနိုင်ယူ
စတမ်းဖို့ဒ်ဘရစ်ချ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဂန္ထဝင်ရန်ပုံငွေပွဲမှာ လီဗာပူးလ်အသင်းက ချယ်လ်ဆီးအသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
လီဗာပူးလ်အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ဘာဘယ်လ်က သွင်းယူခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့မတ်လကလည်း ဒီနှစ်သင်း အန်ဖီးလ်မှာ ရန်ပုံငွေပွဲ ကစားခဲ့ပြီး လီဗာပူးလ်အသင်းက ၂-၀ ဂိုးနဲ့ အနိုင်ယူထားခဲ့ပါတယ်။
အခုပွဲက လီဗာပူးလ်နဲ့ ချယ်လ်ဆီးအသင်းဖောင်ဒေးရှင်းအတွက် ရန်ပုံငွေ ရှာဖွေတဲ့ပွဲလည်းဖြစ်ပါတယ်။
ဒီရန်ပုံငွေပွဲမှာ အမျိုးသမားကစားသမားဟောင်းတချို့လည်း ပါဝင်ကစားခဲ့ပါတယ်။
အခုပွဲကို ပရိသတ်ပေါင်း ၃၀၀၇၆ ဦး လာရောက်ကြည့်ရှုခဲ့ကြပါတယ်။
Chelsea starting line-up:
- Cech, 4. Makelele, 7. Ramires, 10. Hazard, 12. John Mikel Obi, 13. Gallas, 15. Malouda, 19. Costa, 21. Kalou, 24. Cahill, 26. Terry
Substitutes:
- Babayaro, 6. Desailly, 7. Davison, 10. Joe Cole, 17. Chapman, 18. Remy, 20. Morris, 22. Gudjohnsen, 23. Cudicini, 30. Tiago, 34. Harley
Management: Head coach Roberto Di Matteo, assistant Michael Ballack
Liverpool starting line-up:
- Reina; 17. Klavan, 37. Skrtel, 27. Vignal, 34. Kelly; 20. Spearing, 25. Biscan, 12. Aurelio; 15. Benayoun, 24. 19. Sinama-Pongolle, Babel
Substitutes: 1. Westerveld, 22. Kirkland, 2. Henchoz, 11. Gonzalez, 4. McAteer, 9. Dowie, 16. Pennant
Management: Ian Rush, John Aldridge, Phil Thompson, Sammy Lee









