• Home
  • Football News
  • ချန်ပီယံလိဂ်ပုံစံ ပြောင်းလဲမယ့်သတင်းများကို UEFA ငြင်းဆန်

ချန်ပီယံလိဂ်ပုံစံ ပြောင်းလဲမယ့်သတင်းများကို UEFA ငြင်းဆန်

ဥရောပဘောလုံးအဖွဲချုပ်(UEFA)က ချန်ပီယံလိဂ်ပုံစံ ပြောင်းလဲမယ့်သတင်းများကို ငြင်းဆန်ခဲ့ပါတယ်။

UEFAနဲ့ စူပါလိဂ်အကြား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့တယ်လို သတင်းများထွက်ပေါ်လာပြီးနောက် UEFA အခုလို တုံပြန်ခဲ့တာပါ။

စပိန်သတင်းစာ Mundo Deportivo သတင်းစာက ပြီးခဲ့တဲ့လများအတွင်း UEFA ဟာ စူပါလိဂ်စီမံကိန်းကို အဓိကဖော်ဆောင်နေတဲ့ A22 ကုမ္ပဏီ၊ ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာအသင်းတိုက ကိုယ်စားလှယ်တွေနဲ့ ကြိမ်ဖန်များစွာ ဆွေးနွေးခဲ့တယ်လို
စနေနေ့မှာ ရေးသားခဲ့ပါတယ်။

ဒီသတင်းမှာ အသင်းကြီးတွေအကြား ထိပ်တိုက်ယှဉ်ပြိုင်တဲ့ပွဲ ပိုများရေးနဲ့ ပွဲတွေကို အခမဲ့ထုတ်လွှင့်ခွင့်စတဲ့ စူပါလိဂ်မော်ဒယ်နဲ့ အနီးစပ်ဆုံးဖြစ်အောင် ချန်ပီယံလိဂ်ပြိုင်ပွဲကို ပြုပြင်ပြောင်းလဲမှုလုပ်ဖို ဆွေးနွေးခဲ့ကြပေမဲ့ သဘောတူညီမှု မရခဲ့ဘူးလို
ဖော်ပြထားပါတယ်။

စူပါလိဂ်စီမံကိန်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ခုက UEFA နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုတာကို အတည်ပြုခဲ့ပါတယ်။

UEFA က ”UEFA အထွေထွေအတွင်းရေးမှူး သီယိုဒေါ်ရီဒစ်နဲ့ A22 ပူးတွဲတည်ထောင်သူ မစ္စတာ အာနက်စ်လာရာရီတို အကြိမ်အနည်းငယ်တွေ့ဆုံခဲ့တာကို အတည်ပြုပါတယ်။ ဒီတွေ့ဆုံမှုတွေဟာ လူသိရှင်ကြား ဖြစ်ခဲ့ပြီး လျှိဝှက်ထားတယ်ဆိုတာက
လုံးဝမှားပါတယ်။ ဒီဆွေးနွေးပွဲတွေကနေ ဘာမှ တရားဝင်ရလဒ် မထွက်ခဲ့ပါဘူး။ UEFA ချန်ပီယံလိဂ်ပုံစံကို ပြောင်းလဲဖိုမရှိဘူးဆိုတာကို အတိအလင်း ထပ်မံကြေညာပါမယ်”လို သတင်းထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိ အသင်းပေါင်း ၃၆ သင်းနဲ့ အုပ်စုခွဲဝေမှုအစား league phase ပုံစံ ကျင်းပနေတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကို ၂၀၂၄-၂၅ ရာသီကမှ စတင်ခဲ့တာဖြစ်ပါတယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...