• Home
  • Football News
  • Premier League
  • မန်ယူနိုက်တက်ကို အာမိုရင်မ် ပြောင်းလဲနိုင်မယ်လို့ ရွန်နီ မယုံကြည်

မန်ယူနိုက်တက်ကို အာမိုရင်မ် ပြောင်းလဲနိုင်မယ်လို့ ရွန်နီ မယုံကြည်

မန်ယူနိုက်တက်ကို အာမိုရင်မ် ပြောင်းလဲနိုင်မယ်လို့ ရွန်နီ မယုံကြည်

မန်ယူနိုက်တက်အသင်းရဲ့လက်ရှိအခြေအနေကို နည်းပြ ရူဘင်အာမိုရင်မ်တစ်ယောက် ပြောင်းလဲနိုင်မယ်လို့ မယုံကြည်ကြောင်း အသင်းဂန္ထဝင် တိုက်စစ်မှူး ဝိန်းရွန်နီက ပြောခဲ့ပါတယ်။

၎င်းက သူ့ရဲ့အသင်းဟောင်းဟာ ပင်ကိုစရိုက်လက္ခဏာတွေလည်း ပျောက်ဆုံးခဲ့ပြီလို့လည်း သုံးသပ်ခဲ့ပါတယ်။

ဒါ့အပြင် မန်ယူနိုက်တက်အနေနဲ့ လက်ရှိအတိုင်းဆို ရှုံးပွဲများစွာ ထပ်မံကြုံတွေ့ရဦးမှာဖြစ်ပြီး တချို့ကစားသမားတွေဟာ ကလပ်ကို ကိုယ်စားပြုဖို့ မထိုက်တန်ဘူးလို့ ယူဆခဲ့ပါတယ်။

”ဘာတွေဖြစ်လာမလဲ ကျွန်တော် မသိပါဘူး။ ရူဘင်အာမိုရင်မ်က ကျွန်တော့်အရွယ်ပါပဲ။ သူဟာ လူငယ်မန်နေဂျာတစ်ယောက်ပါ။ သူ့မှာ ကြီးမားတဲ့အနာဂတ်ရှိမယ်ဆိုတာ သေချာပါတယ်။ ဒါပေမဲ့ မန်ယူနိုက်တက်မှာတော့ မဟုတ်ပါဘူး။ သူ့အနေနဲ့ အသင်းကို ပြောင်းလဲနိုင်မယ်လို့ ကျွန်တော် ရိုးသားစွာ မျှော်လင့်ခဲ့ပါတယ်။ ဒါပေမဲ့ အရာအားလုံးမြင်ခဲ့ပြီးနောက် သူ လုပ်နိုင်မယ်လို့ မယုံတော့ပါဘူး”လို့ ရွန်နီက ပြောခဲ့ပါတယ်။

အာမိုရင်မ်ဟာ စပို့တင်းလစ္စဘွန်းအသင်းမှာ အောင်မြင်မှုတွေ ရရှိပြီးနောက် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ အသင်းနည်းပြ ဖြစ်လာခဲ့တာပါ။

ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ အဆင့် ၁၅ သာ ရခဲ့ပြီး တန်းဆင်းခဲ့တဲ့ ၁၉၇၄ ခုနှစ်ကတည်းက အဆိုးရွားဆုံးရပ်တည်မှု ဖြစ်ခဲ့ပါတယ်။

အာမိုရင်မ်လက်ထက် ပရီးမီးယားလိဂ် ၃၃ ပွဲကနေ ၃၄ မှတ်သာ ရထားပြီး ပရီးမီးယားလိဂ် နှစ်ပွဲဆက် အနိုင်မရဖူးသေးပါဘူး။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...