• Home
  • Football News
  • ဘာစီလိုနာတိုက်စစ်မှူး လီဝန်ဒေါစကီး ကစားသမားဘဝ သွင်းဂိုး(၇၀၀)ပြည့်မြောက်

ဘာစီလိုနာတိုက်စစ်မှူး လီဝန်ဒေါစကီး ကစားသမားဘဝ သွင်းဂိုး(၇၀၀)ပြည့်မြောက်

ဘာစီလိုနာတိုက်စစ်မှူး လီဝန်ဒေါစကီး ကစားသမားဘဝ သွင်းဂိုး(၇၀၀)ပြည့်မြောက်

ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆိုစီဒက်နဲ့ပွဲမှာ တစ်ဂိုးသွင်းယူခဲ့တဲ့အတွက် ကစားသမားဘဝ သွင်းဂိုး(၇၀၀)ပြည့်မြောက်ခဲ့ကြောင်း သိရပါတယ်။

အဲဒီပွဲမှာ ဆိုစီဒက်အသင်းက ဦးဆောင်ဂိုးသွင်းယူခဲ့ပေမဲ့ ဘာစီလိုနာအသင်းက ခွန်ဒဲ၊ လီဝန်ဒေါစကီးတို့ရဲ့ သွင်းဂိုးတွေနဲ့ ပြန်လည်အနိုင်ယူခဲ့တာဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာကိုလည်း သိမ်းပိုက်ရယူခဲ့ပါတယ်။

လီဝန်ဒေါစကီးဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ(၄)ဂိုးမြောက် သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဘာစီလိုနာကစားသမားဘဝ သွင်းဂိုးပေါင်းကတော့ (၁၀၅)ဂိုး ရှိသွားခဲ့ပါပြီ။

ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ပရပ်ဇ်ကောအသင်းအတွက် (၂၁)ဂိုး၊ လက်ချ်ပေါ့ဇ်နန်အသင်းအတွက် (၄၁)ဂိုး၊ ဒေါ့မွန်အသင်းအတွက် (၁၀၃)ဂိုး၊ ဘိုင်ယန်မြူးနစ်အသင်းအတွက် (၃၄၄)ဂိုး၊ ဘာစီလိုနာအသင်းအတွက် (၁၀၅)ဂိုး၊ ပိုလန်လက်ရွေးစင်အသင်းအတွက် (၈၆)ဂိုး သွင်းယူထားခြင်းဖြစ်ကြောင်း သိရပါတယ်။

လီဝန်ဒေါစကီးဟာ ဥရောပထိပ်တန်းလိဂ်(၅)ခုမှာ တတိယဂိုးအများဆုံးသွင်းယူနိုင်သူအဖြစ်လည်း မှတ်တမ်းဝင်နေပြီး သူ့ထက်ပိုသွင်းနိုင်သူက မက်ဆီနဲ့ စီရော်နယ်လ်ဒိုတို့ဖြစ်ကြောင်း သိရပါတယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...