
နည်းပြရာထူးအတွက် အာမိုရင်မ် မစိုးရိမ်
မန်ယူနိုက်တက်အသင်းနည်းပြ အာမိုရင်မ်က ဘရန့်ဖို့ဒ်ကို အရေးနိမ့်ပြီးနောက် နည်းပြရာထူးအတွက်မစိုးရိမ်ကြောင်း ပြောခဲ့ပါတယ်။
မန်ယူနိုက်တက်အသင်းဟာ နည်းပြ အာမိုရင်မ် ကိုင်တွယ်ကတည်းက ပရီးမီးယားလိဂ် နှစ်ပွဲဆက် နိုင်ပွဲမရသေးဘဲ ဖြစ်နေတာပါ။
ဒါ့အပြင် အသင်းအနေနဲ့ လိဂ်ပွဲ ၃၃ ပွဲမှာ ရမှတ်ကလည်း ၃၄ မှတ်သာ ရရှိခဲ့ပါတယ်။
ဘရန့်ဖို့ဒ်နဲ့ပွဲအပြီး သူ့ရဲ့အနာဂတ်ပတ်သက်လို့ မေးခွန်းများစွာနဲ့ အာမိုရင်မ် ရင်ဆိုင်ခဲ့ရပါတယ်။
”ကျွန်တော့်အလုပ်နဲ့ ပတ်သက်ပြီး ဘယ်တော့မှ စိုးရိမ်ပူပန်မှု မဖြစ်မိပါဘူး။ ကျွန်တော်ဟာ ဒီလိုလူစားမျိုးလည်း မဟုတ်ပါဘူး။ ဒါက ကျွန်တော် ဆုံးဖြတ်ရမယ့်အရာ မဟုတ်ဘဲ ဒီမှာရှိတဲ့ မိနစ်တိုင်းကို အကောင်းဆုံး လုပ်ဆောင်သွားမှာပါ”လို့ အာမိုရင်မ်က ပြောခဲ့ပါတယ်။









