• Home
  • Champions League Football
  • PSG နဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပွဲကို အိုလံပစ်ကွင်းမှာသာ ကစားမယ်လို ဘာစီလိုနာ အတည်ပြု

PSG နဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပွဲကို အိုလံပစ်ကွင်းမှာသာ ကစားမယ်လို ဘာစီလိုနာ အတည်ပြု

ဘာစီလိုနာအသင်းက PSG အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်(၂)ကို အိုလံပစ်ကွင်းမှာသာ ကစားမယ်လို အတည်ပြုကြေညာခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ နူးကမ့်ကွင်းတည်ဆောက်မှု အဆုံးသတ်ပိုင်း ရောက်နေပြီဖြစ်ပေမဲ့ လက်ခံကစားဖို ခွင့်ပြုချက်မရသေးတာကြောင့် အခုလိုဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဘာစီလိုနာအသင်းဟာ ယူရို(၁.၅)ဘီလီယံကုန်ကျတဲ့ နူးကမ့်ကွင်းတည်ဆောက်မှုကို ၂၀၂၃ ခုနှစ်ကတည်းက လုပ်ဆောင်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ရာသီမှာ ပရိသတ်(၅၆၀၀၀)နီးပါးဆံ့တဲ့ အိုလံပစ်ကွင်းကို အိမ်ကွင်းအဖြစ် အသုံးပြုခဲ့တာပါ။

ဒီရာသီမှာ နူးကမ့်ကွင်းသစ်ကို အသုံးပြုနိုင်ဖို ရည်မှန်းထားခဲ့ပေမဲ့ PSG နဲ့ပွဲအမီ ခွင့်ပြုချက်ရပါ့မလားဆိုတာ မရေမရာဖြစ်နေပါတယ်။

ဒါကြောင့် အောက်တိုဘာ(၁)ရက်မှာ ယှဉ်ပြိုင်ရမယ့် PSG နဲ့ပွဲကို အိုလံပစ်ကွင်းမှာ အိမ်ကွင်းအဖြစ် ကစားသွားမှာဖြစ်ကြောင်းနဲ့ အသင်းရဲ့အခြေအနေအပေါ် နားလည်ပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...