
လီဗာပူးလ်နဲ့ အက်သလက်တီကိုတို့ရဲ့ ချန်ပီယံလိဂ်ပွဲမှာ လီဗာပူးလ်အသင်းပရိသ-တ်နဲ့ အက်သလက်တီကိုနည်းပြ ဆီမြွန်နီတို့ အချင်းများခဲ့ပါတယ်။
လီဗာပူးလ်အတွက်ပွဲသိမ်းအနိုင်ဂိုးကို ဗန်ဒိုက်က ၉၂ မိနစ်မှာသွင်းယူပြီးနောက် ဆီမြွန်နီနဲ့လီဗာပူးလ်ပရိသ-တ် ငြိကြတာပါ။
ဆီမြွန်နီက သူ့လုပ်ရပ်အတွက် နောင်တရနေပေမယ့် လီဗာပူးလ်အသင်းပရိသ-တ်တွေစော်ကားလို့ ဖြစ်ခဲ့ရတယ်ဆိုပြီး ပြစ်တင်ခဲ့ပါတယ်.
ဆီမြွန်နီက ” နည်းပြတွေဟာ စံပြဖြစ်ရပါတယ်။ ကွင်းထဲက လူမျိုးရေးခွဲခြားမှုနဲ့ စော်ကားမှုတွေကို တိုက်ဖျက်နေသလိုပဲ၊ ကျွန်တော်တို့ နည်းပြတွေ ပွဲချိန်ပြည့် ခံစားနေရတဲ့ အော်ဟစ်ဆဲဆိုမှုတွေကိုလည်း တိုက်ဖျက်သင့်ပါတယ်” လို့ပြောပါတယ်။
ဒီယေဂိုဆီမြွန်နီက သူ့လုပ်ရပ်ကြောင့် အနီကတ်ပြသပြီး ထုတ်ပယ်ခံရပါတယ်။









