
မက်ဆီ ဂိုးနှစ်ဂိုးသွင်းပြီး အင်တာမိုင်ယာမီအသင်း ဖိုင်နယ်ရောက်ရှိ
အင်တာမိုင်ယာမီအသင်းက ဂန္ထဝင်တိုက်စစ်မှူး မက်ဆီရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့အတူ အော်လန်ဒိုစီးတီးအသင်းကို အနိုင်ယူပြီး Leagues Cup Final တက်ရောက်ခဲ့ပါတယ်။
မက်ဆီကဂိုးသွင်းနိုင်သလို၊ ဆွာရက်ဇ်နဲ့အယ်လ်ဘာကဂိုးဖန်တီးမှုတွေလုပ်နိုင်ခဲ့ပြီး အင်တာမိုင်ယာမီအသင်းက အော်လန်ဒိုစီးတီးအသင်းကို သုံးဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။
မက်ဆီကဂိုးသွင်းပြီးချိန်မှာ သူ့ရဲ့သားတွေဖြစ်တဲ့ Thiago ၊ Mateo တို့ရှိရာပွဲကြည့်စင်ရှေ့အောင်ပွဲခံခဲ့ပါတယ်။
အင်တာမိုင်ယာမီအသင်းက ၂၀၂၃ ခုနှစ်မှာ Leaguse Cup ချန်ပီယံဖြစ်ခဲ့ဖူးပါတယ်။









