• Home
  • Football News
  • Premier League
  • မန်စီးတီးကို အနိုင်ရပြီးနောက် နည်းပြဖရန့်ခ်ကို စပါးကစားသမားတွေ ချီးကျူး

မန်စီးတီးကို အနိုင်ရပြီးနောက် နည်းပြဖရန့်ခ်ကို စပါးကစားသမားတွေ ချီးကျူး

အီတီဟတ်ကွင်းမှာ မန်စီးတီးအသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရပြီးနောက် နည်းပြ သောမတ်စ်ဖရန့်ခ်ကို စပါးကစားသမားတွေက ချီးကျူးခဲ့ကြပါတယ်။

အဲဒီပွဲမှာ အနိုင်ဂိုးသွင်းခဲ့ကြတဲ့ ဘရန်နန်ဂျွန်ဆင်နဲ့ ပယ်လ်ဟင်ညာတို့က ပြောကြားခဲ့တာဖြစ်တယ်။

စပါးအသင်းဟာ အခုနွေရာသီမှာ ယူရိုပါလိဂ်ဖလား ရယူပေးခဲ့တဲ့ ပိုစတီကိုဂလူးကို ထုတ်ပယ်ပြီး ဘရန့်ဖို့ဒ်အသင်းနည်းပြ ဖရန့်ခ်နဲ့ အစားထိုးခဲ့တာဖြစ်တယ်။

ပရီးမီးယားလိဂ် ရာသီအဖွင့်မှာ နှစ်ပွဲစလုံး အနိုင်ရထားပြီး clean sheet လည်း ရရှိထားခဲ့ပါတယ်။

စပါးအနေနဲ့ ပြီးခဲ့တဲ့ ဥရောပစူပါဖလားမှာလည်း PSG အသင်းကို နှစ်ဂိုးပြတ် ဦးဆောင်ထားပြီးမှ နောက်ကျဂိုးတွေနဲ့ သရေကျကာ ပယ်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့ရပါတယ်။

စပါးအသင်းဟာ နိုင်ငံတကာရက်သတ္တပတ်မတိုင်ခင် ပရီးမီးယားလိဂ် နောက်ဆုံးပွဲအဖြစ် လာမယ့်အပတ်မှာ ဘုန်းမောက်နဲ့ အိမ်ကွင်းကစားရပါလိမ့်မယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...