ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲစဉ် ပွဲကြိုသုံးသပ်ချက်

♦ အက်စတွန်ဗီလာ – နယူးကာဆယ် (မြန်မာစံတော်ချိန် ညနေ ၆ နာရီ)

နှစ်သင်းစလုံး ပြီးခဲ့တဲ့ရာသီက အမာခံကစားသမားအများစု ဆက်ထိန်းထားပြီး ရာသီသစ်ကို ဆင်နွှဲမှာ ပါ။ နယူးကာဆယ်မှာ အဓိကတိုက်စစ်မှူး အီဆက်ခ် အနာဂတ်မသေချာတော့ဘူး။ ကစားသမားသစ်ခေါ်ယူမှုမှာတော့ နယူးကာဆယ်က အယ်လန်ဂါ၊ မာလစ်ကျောင်တို့လို နာမည်ရှိတဲ့သူတွေ ခေါ်ထား
ပြီး ဗီလာအသင်း ခေါ်ယူမှုမှာ မထင်မရှားတွေ များပါတယ်။ ရာသီအဖွင့်ပွဲဖြစ်လို့ အာရုံစိုက်မှုချင်းလည်း မကွာပါဘူး။ နယူးကာဆယ်ပဲ ရွေးချယ်ချင်တယ်။

♦ စပါး – ဘန်လေ (မြန်မာစံတော်ချိန် ည ၈ နာရီခွဲ)

နည်းပြသစ် သောမတ်စ်ဖရန့်လက်အောက်မှာ စပါးအသင်းက ယုံကြည်မှု ပိုရှိလာတဲ့ပုံပါပဲ။ PSG လို အသင်းမျိုးကို နှစ်ဂိုးပြတ်ဦးဆောင်ပြီးမှ ပယ်နယ်တီနဲ့ ရှုံးရတာက အသင်းမာကျောမှုကို ပြသနေပါ တယ်။ စကော့ပါကားလက်ထဲက တန်းတက်ကလပ် ဘန်လေအသင်းက ဈေးကွက်မှာ ကစားသမားသစ် ၁၃ ဦးလောက် ခေါ်ထားပါတယ်။ ဘန်လေအသင်း အထိုင်ကျဖို့လိုနိုင်လို့ စပါး ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမယ်။

♦ ဝုလ်ဗ် – မန်စီးတီး (မြန်မာစံတော်ချိန် ည ၁၁ နာရီ)

ဝုလ်ဗ်အသင်း ကူညာ၊ နူရီတို့ကို လက်လွှတ်ခဲ့ရပြီး နူရီကတော့ အသင်းဟောင်းကို ပြန်လည်ရင်ဆိုင် ရမှာပါ။ ဂွါဒီယိုလာရဲ့မန်စီးတီးပြုပြင်ပြောင်းလဲရေးက ဘယ်လောက်အထိ အလုပ်ဖြစ်မလဲ စောင့်ကြည့်ရမယ်။ ဝုလ်ဗ်အသင်းမှာ ကူညာ ထွက်သွားပေမဲ့ တိုက်စစ်ပိုင်းအားဖြည့်မှုက ကောင်းပါတယ်။
မန်စီးတီး ဂိုးတော့မပြတ်လောက်ဘူး။

♦ အခြားပွဲစဉ်များ

ဘရိုက်တန် – ဖူလ်ဟမ်
ဆန်းဒါးလန်း – ဝက်စ်ဟမ်း

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...