• Home
  • Ballon d'Or
  • Ballon d’Or ဆုကို PSG တိုက်စစ်ကစားသမားဒမ်ဘီလီရရှိမယ်လို သတင်းပေါက်ကြား

Ballon d’Or ဆုကို PSG တိုက်စစ်ကစားသမားဒမ်ဘီလီရရှိမယ်လို သတင်းပေါက်ကြား

၂၀၂၅ Ballon d’Or ဆုကို PSG တိုက်စစ်ကစားသမား ဒမ်ဘီလီရရှိမယ်ဆိုပြီး သတင်းပေါက်ကြားလာပါတယ်။

ဒမ်ဘီလီက ပြီးခဲ့တဲ့ဘောလုံးရာသီမှာ PSG အသင်းနဲ့အတူ ဖလားသုံးလုံးအောင်ပွဲ ရရှိထားပြီး (၃၇)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု (၁၆)ကြိမ်ပြုလုပ်ခဲ့ပါတယ်။

လူမှုကွန်ရက်မှာ ပေါက်ကြားလာတဲ့မှတ်တမ်းအရ PSG တိုက်စစ်ကစားသမား ဒမ်ဘီလီက ရမှတ် ၆၃၀ နဲ့ Ballon d’or ရမယ်လို့သိရပါတယ်။

၂၀၂၅ Ballon d’Or ဆုအတွက် ၂၀၂၄ သြဂုတ်(၁)ကနေ ၂၀၂၅ ဇူလိုင်(၃၁)အထိ ကာလအတွင်း ပြသခဲ့တဲ့ စွမ်းဆောင်ရည်အပေါ် အခြေခံပြီး ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

Ballon d’or ဆုအတွက် ဆန်ခါတင်စာရင်းကို ဒီနေ့ သြဂုတ်လ ၇ ရက်မှာထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

Ballon d’Or ဆုကို ပြင်သစ်ဘောလုံးမဂ္ဂဇင်းရဲ့ ဦးဆောင်မှုနဲ့ ရွေးချယ်ချီးမြှင့်တာဖြစ်ပြီး ၁၉၅၆ ခုနှစ်ကတည်းက စတင်ချီးမြှင့်ခဲ့တာပါ။

ပထမဆုံးဆုရရှိသူက အင်္ဂလန်ကစားသမား စတန်လေမက်သယူးဖြစ်ပြီး နောက်ဆုံးဆုရရှိထားသူကတော့ စပိန်ကစားသမား ရိုဒရီ ဖြစ်ပါတယ်။

(၈)ကြိမ်ရရှိထားတဲ့ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီက ဆုအများဆုံးရရှိသူအဖြစ် စံချိန်တင်ထားပါတယ်။

Ballon d’or ဆုပေးပွဲအခမ်းအနားကို လာမယ့်စက်တင်ဘာ (၂၂) မှာ ကျင်းပမှာဖြစ်ပါတယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...