• Home
  • Boxing MMA
  • လုခ် ရော့ခ်ဟိုလ်ဒ် (Luke Rockhold) မှ Alex Pereira ကို “GOATs များထဲမှ တစ်ဦး” ဟု ချီးကျူး

လုခ် ရော့ခ်ဟိုလ်ဒ် (Luke Rockhold) မှ Alex Pereira ကို “GOATs များထဲမှ တစ်ဦး” ဟု ချီးကျူး

UFC တွင် မီဒယ်ဝိတ်ချန်ပီယံ (Middleweight Champion)ဟောင်းတစ်ဦးဖြစ်သည့် လုခ် ရော့ခ်ဟိုလ်ဒ် (Luke Rockhold) သည် သူတစ်ချိန်က မယုံကြည်ခဲ့သော Alex Pereira အပေါ် လေးစားမှု အပြည့်အဝပြသလိုက်ပြီဖြစ်ပါတယ်

တစ်ချိန်က ရော့ခ်ဟိုလ်ဒ်သည် ကမ္ဘာ့အကောင်းဆုံးတိုက်ခိုက်ရေးသမားများထဲမှ တစ်ဦးဖြစ်ခဲ့ပြီး၊ သူ၏ MMA ကစားသမားဘဝနောက်ဆုံး ငါးပွဲတွင် တစ်ပွဲသာနိုင်ခဲ့သော်လည်း သူ့တွင်ရှိသည့် စိတ်ဓာတ်ကျခြင်းမျိုး ဘယ်တုန်းကမှ မရှိခဲ့ပေ။ သူသည် Pereira ကို တွေ့ဆုံတိုက်ခိုက်ရပါက “ခါးပတ်အခမဲ့” ဟုပင် အခိုင်အမာ ယုံကြည်ခဲ့ဖူးသည်။သိုသော် ယခုအခါတွင် ရော့ခ်ဟိုလ်ဒ်၏ ထိုအပြောမျိုးများ ပျောက်ကွယ်သွားခဲ့ပြီ။

ယခုလအစောပိုင်းတွင် “Poatan” ဟု လူသိများသည့် Pereira သည် UFC 320 ပြိုင်ပွဲ၌ Magomed Ankalaev ကို ပထမအချီ၌ပင် အလဲထိုးကာ လိုက်ဟဲဗီးဝိတ်ချန်ပီယံဆု (Light Heavyweight Title) ကို ပြန်လည်ရယူနိုင်ခဲ့သည်။ ထိုအောင်ပွဲက Pereira ကို ချန်ပီယံအဖြစ် ပြန်ရောက်စေရုံသာမက ရော့ခ်ဟိုလ်ဒ်၏ လေးစားမှုကိုပါ နောက်ဆုံးတွင် ရရှိစေခဲ့သည်။

“ကျွန်တော် Alex Pereira ကို မုန်းခဲ့ဖူးတာပါ။ ဒါပေမယ့် ဒီကောင်ကတော့ ရမ်းကားတဲ့ လူမိုက်တစ်ယောက်ပဲဗျာ” ဟု ရော့ခ်ဟိုလ်ဒ်က TMZ Sports ကို ပြောကြားခဲ့သည်။ “ဒါဟာ ယုံကြည်မှုနဲ့ သတ္တိပဲ။ သူမှာ အဲဒါတွေ ရှိတယ်။ တကယ်ရှိတာပါ။ ကျွန်တော် လိမ်ညာပြောမှာ မဟုတ်ဘူး။ ဒီကောင့်ကို ဆက်မုန်းလို မဖြစ်တော့ဘူး။ သူကတော့ GOATs (ခေတ်အဆက်ဆက် အကောင်းဆုံးများ) တွေထဲက တစ်ယောက်ပါပဲ” ဟု ရော့ခ်ဟိုလ်ဒ်က ဖွင့်ဟပြောကြားခဲ့သည်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
ဘီလယ်လ် မိုဟာမက်ဒ် (Belal Muhammad) သည် ၂ ကြိမ်တိုင် NCAA ချန်ပီယံနှင့် RAF 4 တွင် နပန်းယှဉ်ပြိုင်ရန် စီစဉ်ထား
ဘီလယ်လ် မိုဟာမက်ဒ် (Belal Muhammad) သည် ၂ ကြိမ်တိုင် NCAA ချန်ပီယံနှင့် RAF 4 တွင် နပန်းယှဉ်ပြိုင်ရန် စီစဉ်ထားဟောင်း UFC ဝယ်လ်တာဝိတ် ချန်ပီယံသည် RAF တွင် ပထမဆုံးအကြိမ် ယှဉ်ပြိုင်ရန် ရှိနေသည်။ ဘီလယ်လ်...
27 November 2025
ဘဝပြောင်းလဲသွားစေမယ့် စာချုပ်သစ်ကို လက်မှတ်ထိုးပြီးနောက် UFC Qatar မှာ Waldo Cortes-Acosta ပွဲကြမ်း!
ဘဝပြောင်းလဲသွားစေမယ့် စာချုပ်သစ်ကို လက်မှတ်ထိုးပြီးနောက် UFC Qatar မှာ Waldo Cortes-Acosta ပွဲကြမ်း! ဟဲဗီးဝိတ်တန်းကို ကျောနဲ့ထမ်းချင်ပါတယ်လို့ “Salsa Boy” က ကြွေးကြော် ၂၀၂၅ ရဲ့ ထွန်းတောက်လာတဲ့...
21 November 2025
UFC ကာတာ (UFC Qatar) ပွဲမတိုင်မီ Ilia Topuria နှင့် Paddy Pimblett တို တွေ့ဆုံ စကားအချေအတင် ပြောဆိုခဲ့ကြ
UFC ကာတာ (UFC Qatar) ပွဲမတိုင်မီ Ilia Topuria နှင့် Paddy Pimblett တို့ တွေ့ဆုံ စကားအချေအတင် ပြောဆိုခဲ့ကြ Ilia Topuria နဲ့ Paddy Pimblett တို့ကြားက မပြေလည်မှုဟာ သူတို့နှစ်ဦးစလုံးဟာ လာမယ့်ပွဲတွေအတွက်...
20 November 2025
UFC ပွဲစဉ်သစ်မှာ ထိပ်တိုက်တွေ့ဆုံကြမယ့် Modestas Bukauskas နဲ့ Nikita Krylov
Light Heavyweight တန်း ကစားသမားတွေဖြစ်တဲ့ Modestas Bukauskas နဲ့ Nikita Krylov တိုဟာ လာမယ့် ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ကျင်းပမယ့် UFC ပွဲစဉ်မှာ ယှဉ်ပြိုင်ထိုးသတ်သွားဖို ရှိနေပါတယ်။ ဒီပွဲစဉ်ဟာ...
19 November 2025
UFC 322 တွင် ဝယ်လ်တာဝိတ်ချန်ပီယံဖြစ်လာသည့် အစ္စလာမ်မက္ခချပ်၏ ခြေစွမ်းကို အာမန်ဆာရူကီယန် အံ့အားသင့်ချီးကျူး
ပြီးခဲ့သည့် UFC 322 ပြိုင်ပွဲတွင် အစ္စလာမ်မက္ခချပ် (Islam Makhachev) ပြသခဲ့သည့် စွမ်းဆောင်ရည်အပေါ် လိုက်ဝိတ်တန်း ထိပ်သီးဖိုက်တာ အာမန်ဆာရူကီယန် (Arman Tsarukyan) က အံ့အားသင့်ခဲ့ရပြီး ၎င်း၏ပြိုင်ဘက်ဟောင်းအပေါ်...