• Home
  • Boxing MMA
  • ဆွန်ယန်ဒေါင်နဲ့ ထိုးသတ်ဖို အသင့်ရှိနေတဲ့ ရှောင်အိုမေလီ

ဆွန်ယန်ဒေါင်နဲ့ ထိုးသတ်ဖို အသင့်ရှိနေတဲ့ ရှောင်အိုမေလီ

ဆွန်ယန်ဒေါင်နဲ့ ထိုးသတ်ဖို့ အသင့်ရှိနေတဲ့ ရှောင်အိုမေလီ

လက်ရှိ ဗန်တမ်ဝိတ်တန်းကနေ ဝေးကွာနေပေမဲ့လည်း ယခု သတင်းများ ထွက်ပေါ်နေတဲ့ ဆွန်ယန်ဒေါင် (Song Yadong) နဲ့ ထိုးသတ်ဖို့ ရှောင်အိုမေလီ (Sean O’Malley) က အသင့်ရှိနေပါတယ်။

ဒီနှစ်အစောပိုင်းမှာ ဗန်တမ်ဝိတ်တန်း ချန်ပီယံဟောင်း ရှောင်အိုမေလီက UFC 316 မှာ မီရက်ဘ် ဒါဗာလီရွှီလီ (Merab Dvalishvili) နဲ့ ထပ်မံရင်ဆိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အိုမေလီအတွက်တော့ ဒီတစ်ကြိမ်မှာ ပိုပြီး အခြေအနေဆိုးခဲ့ပါတယ်။ မီရက်ဘ်က သူ့ကို တတိယအချီမှာ လက်ရုံးနဲ့ဖမ်းချုပ်ပြီး အနိုင်ယူခဲ့တဲ့အတွက် သူတို့နှစ်ယောက်ရဲ့ ပြိုင်ဆိုင်မှုက အဆုံးသတ်သွားခဲ့ပါတယ်။

မီရက်ဘ်ကို ရှုံးနိမ့်ပြီးနောက် ဗန်တမ်ဝိတ်တန်း ချန်ပီယံလုပွဲကနေ အိုမေလီဟာ ဝေးကွာသွားခဲ့ပါတယ်။ သူ့ရဲ့ပြိုင်ဘက်အဖြစ် သတင်းထွက်နေတဲ့သူတွေထဲမှာ ဆွန်ယန်ဒေါင်က သူ့ရဲ့အာရုံကို ဖမ်းစားခဲ့တယ်လို့ သိရပါတယ်။

အိုမေလီက သူ့ရဲ့ယူကျု့ချန်နယ်မှာ “လူတိုင်းက ကျွန်တော့်ကို ‘ဆွန်ယန်ဒေါင် vs. ရှူဂါ (Suga)၊ ဒီဇင်ဘာ ၆ ရက်’ ဆိုပြီး စခရင်ရှော့တွေ ပို့နေကြတယ်။ တချို့ကလည်း ‘ဂုဏ်ယူပါတယ်၊ ဘယ်တော့ စခန်းသွင်းလေ့ကျင့်မှု စမှာလဲ’ ဆိုပြီး မေးကြတယ်။ ဒီသတင်းတွေက တရုတ်မှာ ထိုးသတ်ခဲ့တဲ့ပွဲကနေ စတင်ခဲ့တယ်လို့ ကျွန်တော်ထင်တယ်။ အဲ့ဒီတုန်းက ဆွန်ယန်ဒေါင်က မီရက်ဘ်နဲ့ ဓာတ်ပုံရိုက်ပြီး ‘ကျွန်တော် အိုမေလီနဲ့ ထိုးတော့မယ်’ ဆိုပြီး ပြောခဲ့တယ်” လို့ ပြောပါတယ်။

“အမှန်အတိုင်း ပြောရရင် ဘယ်လိုအစီအစဉ်တွေ ရှိတယ်ဆိုတာ ကျွန်တော်မသိပါဘူး။ ကျွန်တော့်ဘက်ကတော့ တရားဝင်ဘာမှ မသိရသေးပါဘူး။ ဘယ်သူနဲ့၊ ဘယ်အချိန်၊ ဘယ်နေရာမှာ ထိုးရမယ်ဆိုတာကို UFC နဲ့ သေသေချာချာ မပြောရသေးပါဘူး။ ဒါပေမဲ့ ဆွန်ယန်ဒေါင်ကတော့ ကောင်းမွန်တဲ့ပြိုင်ဘက်တစ်ဦး ဖြစ်နိုင်ပါတယ်။ လိုက်ဖက်မှုရှိတယ်။ ကျွန်တော်လည်း ဒီပွဲစဉ်ကို သဘောကျပါတယ်” လို့ အိုမေလီက ပြောပါတယ်။

လက်ရှိ UFC ဗန်တမ်ဝိတ်တန်း အဆင့် ၅ မှာ ရှိတဲ့ ဆွန်ယန်ဒေါင်က UFC Seattle မှာ ဟင်နရီ ဆေဂျူဒို (Henry Cejudo) ကို မျက်လုံးထိုးမိပြီးတဲ့နောက် ဆေဂျူဒို ဆက်မထိုးနိုင်တော့တဲ့အတွက် အနိုင်ရခဲ့ပါတယ်။ အဲ့ဒီမတိုင်ခင်ကလည်း ၂၀၂၄ ခုနှစ်မှာ ပီတာယန် (Petr Yan) ကို ရှုံးနိမ့်ခဲ့တာကြောင့် နှစ်ဦးစလုံးဟာ လက်ရှိ ချန်ပီယံလုပွဲကနေ ဝေးကွာနေပါတယ်။ ဒါကြောင့် သူတို့နှစ်ဦး ရင်ဆိုင်ထိုးသတ်ဖို့ ဖြစ်နိုင်ပါတယ်။

“အချိန်အပိုင်းအခြားအနေနဲ့ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ နိုဝင်ဘာလ၊ ဘယ်အချိန်မဆို ထိုးဖို့ ကျွန်တော် အသင့်ရှိပါတယ်။ နောက်တစ်ပတ်ဆိုရင်တော့ ကြိုတင်ပြင်ဆင်ချိန် အရမ်းတိုသွားတယ်လို့ ကျွန်တော် ပြောမိမှာပဲ။ ဒါပေမဲ့ ဒီပွဲကို ကျွန်တော် အရမ်းသဘောကျတယ်။ ဒါက အဓိပ္ပာယ်ရှိတယ်။ ကျွန်တော် ကျန်းမာရေးကောင်းနေတယ်။ အဆင်ပြေနေတယ်။ အရမ်းကြိုးစားပြီး လေ့ကျင့်နေပါတယ်။ ဒီပွဲကို အရမ်းသဘောကျတယ်၊ ဒါကြောင့် ဆွန်ယန်ဒေါင်နဲ့ပွဲက နောက်ပွဲစဉ်ဆိုရင် ပျော်မှာပါပဲ” လို့ အိုမေလီက ပြောပါတယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
ဘီလယ်လ် မိုဟာမက်ဒ် (Belal Muhammad) သည် ၂ ကြိမ်တိုင် NCAA ချန်ပီယံနှင့် RAF 4 တွင် နပန်းယှဉ်ပြိုင်ရန် စီစဉ်ထား
ဘီလယ်လ် မိုဟာမက်ဒ် (Belal Muhammad) သည် ၂ ကြိမ်တိုင် NCAA ချန်ပီယံနှင့် RAF 4 တွင် နပန်းယှဉ်ပြိုင်ရန် စီစဉ်ထားဟောင်း UFC ဝယ်လ်တာဝိတ် ချန်ပီယံသည် RAF တွင် ပထမဆုံးအကြိမ် ယှဉ်ပြိုင်ရန် ရှိနေသည်။ ဘီလယ်လ်...
27 November 2025
ဘဝပြောင်းလဲသွားစေမယ့် စာချုပ်သစ်ကို လက်မှတ်ထိုးပြီးနောက် UFC Qatar မှာ Waldo Cortes-Acosta ပွဲကြမ်း!
ဘဝပြောင်းလဲသွားစေမယ့် စာချုပ်သစ်ကို လက်မှတ်ထိုးပြီးနောက် UFC Qatar မှာ Waldo Cortes-Acosta ပွဲကြမ်း! ဟဲဗီးဝိတ်တန်းကို ကျောနဲ့ထမ်းချင်ပါတယ်လို့ “Salsa Boy” က ကြွေးကြော် ၂၀၂၅ ရဲ့ ထွန်းတောက်လာတဲ့...
21 November 2025
UFC ကာတာ (UFC Qatar) ပွဲမတိုင်မီ Ilia Topuria နှင့် Paddy Pimblett တို တွေ့ဆုံ စကားအချေအတင် ပြောဆိုခဲ့ကြ
UFC ကာတာ (UFC Qatar) ပွဲမတိုင်မီ Ilia Topuria နှင့် Paddy Pimblett တို့ တွေ့ဆုံ စကားအချေအတင် ပြောဆိုခဲ့ကြ Ilia Topuria နဲ့ Paddy Pimblett တို့ကြားက မပြေလည်မှုဟာ သူတို့နှစ်ဦးစလုံးဟာ လာမယ့်ပွဲတွေအတွက်...
20 November 2025
UFC ပွဲစဉ်သစ်မှာ ထိပ်တိုက်တွေ့ဆုံကြမယ့် Modestas Bukauskas နဲ့ Nikita Krylov
Light Heavyweight တန်း ကစားသမားတွေဖြစ်တဲ့ Modestas Bukauskas နဲ့ Nikita Krylov တိုဟာ လာမယ့် ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ကျင်းပမယ့် UFC ပွဲစဉ်မှာ ယှဉ်ပြိုင်ထိုးသတ်သွားဖို ရှိနေပါတယ်။ ဒီပွဲစဉ်ဟာ...
19 November 2025
UFC 322 တွင် ဝယ်လ်တာဝိတ်ချန်ပီယံဖြစ်လာသည့် အစ္စလာမ်မက္ခချပ်၏ ခြေစွမ်းကို အာမန်ဆာရူကီယန် အံ့အားသင့်ချီးကျူး
ပြီးခဲ့သည့် UFC 322 ပြိုင်ပွဲတွင် အစ္စလာမ်မက္ခချပ် (Islam Makhachev) ပြသခဲ့သည့် စွမ်းဆောင်ရည်အပေါ် လိုက်ဝိတ်တန်း ထိပ်သီးဖိုက်တာ အာမန်ဆာရူကီယန် (Arman Tsarukyan) က အံ့အားသင့်ခဲ့ရပြီး ၎င်း၏ပြိုင်ဘက်ဟောင်းအပေါ်...