• Home
  • Transfer News
  •  လီဗာပူးလ်မှာ အီကီတိုက် ခြေစွမ်းပြနိုင်မယ်လို့ အသင်းတိုက်စစ်မှူးဟောင်း ဆီဆေး သုံးသပ် 

 လီဗာပူးလ်မှာ အီကီတိုက် ခြေစွမ်းပြနိုင်မယ်လို့ အသင်းတိုက်စစ်မှူးဟောင်း ဆီဆေး သုံးသပ် 

လီဗာပူးလ်တိုက်စစ်မှူးဟောင်း ဆီဆေးက ပြင်သစ်တိုက်စစ်မှူး အီကီတိုက်အနေနဲ့ လီဗာပူးလ်အသင်းမှာ ခြေစွမ်းပြနိုင်မယ်လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။ 

အခုနွေမှာ ငွေကြေးမြောက်မြားစွာ အသုံးပြုကာ အသင်းကို အင်အားဖြည့်တင်းမှုတွေ ပြုလုပ်နေတဲ့ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းဟာ ဖရန့်ဖတ်အသင်းက ပြင်သစ်တိုက်စစ်မှူး အီကီတိုက်ကို ကနဦးပြောင်းရွှေ့ကြေး ပေါင် (၆၉) သန်းအပြင် Add-ons ကြေး ပေါင် (၁၀) သန်းနဲ့ ခေါ်ယူခဲ့ပြီး (၆) နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ပါတယ်။ 

အီကီတိုက်ဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက ဖရန့်ဖတ်အသင်းအတွက် ပြိုင်ပွဲစုံ (၄၈) ပွဲမှာ (၂၂) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၁၂) ကြိမ် ပြုလုပ်ပေးခဲ့တာပါ။ 

ဒါကြောင့် ဆီဆေးဟာ အီကီတိုက်အနေနဲ့ လီဗာပူးလ်အသင်းမှာ ခြေစွမ်းပြနိုင်တယ်လို့ သုံးသပ်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ အသားကျဖို့တော့ အချိန်ယူရနိုင်တယ်လို့ ပြောကြားခဲ့တာပါ။ 

ဆီဆေးက “အီကီတိုက်အနေနဲ့ လီဗာပူးလ်အသင်းနဲ့ ကစားဟန်နဲ့ အံဝင်မယ်လို့ ထင်ပါတယ်။ သူဟာ အထောင်တိုက်စစ်မှူးအဖြစ် ကစားတာပါ။ လီဗာပူးလ်နည်းပြ အာနယ်ဆလော့အနေနဲ့ အီကီတိုက်ကို အကောင်းဆုံးဖြစ်အောင် ကိုင်တွယ်နိုင်စွမ်းရှိတယ်လို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ လီဗာပူးလ်အသင်းတိုက်စစ်မှာ ဆာလာတို့လို နာမည်ကျော်တွေ ရှိတာကြောင့် အီကီတိုက်အနေနဲ့ ချက်ချင်းပွဲထွက်ခွင့်ရဖို့တော့ ရုန်းကန်ရနိုင်ပါတယ်။ ပြီးတော့ သူ့အနေနဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို အားပြုပြီး ပြင်းအားမြင့်တဲ့ ပရီးမီးယားလိဂ်မှာ အသားကျဖို့လည်း အချိန်ယူရနိုင်ပါတယ်”လို့ ပြောကြားခဲ့တာပါ။ 

လီဗာပူးလ်အသင်းဟာ အခုနွေမှာ ဖရင်ပေါင်၊ ဖလော်ရီယန်ဗက်ဇ်၊ ကာကက်ဇ်၊ အီကီတိုက်တို့အပါအဝင် ကစားသမား (၇)ဦးကို ပေါင်သန်း (၃၀၀) နီးပါး အသုံးပြုပြီး ခေါ်ယူထားပေမဲ့ ကစားသမားသစ်တွေ ထပ်မံခေါ်ယူဖို့ လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဗြိတိန်မီဒီယာတွေက ဖော်ပြနေကြပါတယ်။ 

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...