
မန်စီးတီးကနေ နာပိုလီအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဘယ်လ်ဂျီယံကွင်းလယ်ကစားသမား ဒီဘရိုင်းနားက မိမိအနေနဲ့ တစ်ဘဝလုံး မန်စီးတီးကစားသမားတစ်ဦးအဖြစ် ဆက်ရှိသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီဘရိုင်းနား (၃၄ နှစ်)ဟာ မန်စီးတီးအသင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံဆု (၆)ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား(၁)ကြိမ်အပါအဝင် ဆုဖလားအောင်ပွဲများစွာ ရရှိခဲ့သူဖြစ်ပြီး ဒီနွေမှာမှ မန်စီးတီးနဲ့ စာချုပ်ကုန်ပြီး လမ်းခွဲခဲ့တာပါ။
ဒီဘရိုင်းနားက စိန်ခေါ်မှုအသစ်ကို ရင်ဆိုင်လိုတာကြောင့် နာပိုလီအသင်းဆီ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပေမဲ့ မိမိဟာ တစ်ဘဝလုံး မန်စီးတီးကစားသမားသာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
” ကျွန်တော် ပရီးမီးယားလိဂ်မှာ အကြာကြီးကစားခဲ့ပြီးတဲ့နောက် အင်္ဂလန်ပြင်ပကို ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော် လုပ်ရမယ့်အရာတွေကို လုပ်ဆောင်ခဲ့ပြီးပါပြီ။ ကျွန်တော် မန်စီးတီးကစားသမားတစ်ယောက်အဖြစ် တစ်ဘဝလုံးဆက်ရှိသွားမှာပါ။ အီတလီမှာ ကျွန်တော် ကစားနိုင်စွမ်းရှိပါတယ်။ ပြီးတော့ ထိပ်တန်းအဆင့်မှာ ကစားနိုင်ဆဲဆိုတာကလည်း ကျွန်တော့်အတွက် စိတ်လှုပ်ရှားစရာပါပဲ” လို့ ဒီဘရိုင်းနားက ပြောကြားခဲ့ပါတယ်။
ဒီဘရိုင်းနားက နာပိုလီအသင်းမှာ လက်ရွေးစင်အသင်းဖော် လူကာကူရှိနေတာကြောင့်လည်း နာပိုလီကိုပြောင်းရွှေ့ဖို့ ပိုလွယ်ကူစေခဲ့တယ်လို့ ဆိုခဲ့ပါတယ်။









