
လန်ဒန် Wembley Stadium တွင် စနေနေ့၌ ကျင်းပမည့် Undisputed Heavyweight Championship ချန်ပီယံဘွဲအတွက် Oleksandr Usyk နှင့် Daniel Dubois တို၏ ဒုတိယအကြိမ် တိုက်ပွဲကြီးအတွက် အချိန်ဇယားနှင့် တိုက်ပွဲအစီအစဉ်များကို ကြေညာ
WBO, WBA နှင့် WBC Heavyweight ချန်ပီယံ Usyk သည် IBF Heavyweight ချန်ပီယံ Dubois နှင့် ချန်ပီယံဘွဲအားလုံးအတွက် ပြန်လည်တိုက်ခိုက်မည်ဖြစ်ပြီး လွန်ခဲ့သော နှစ်နှစ်က ပထမအကြိမ်တိုက်ပွဲတွင် Usyk က Dubois အား ဒါဇင် ၉ တွင် အနိုင်ရခဲ့သည်။ ထိုနောက်ပိုင်းတွင် Usyk သည် Tyson Fury ကို နှစ်ကြိမ်ဆက်တိုက် အနိုင်ရခဲ့ပြီး ကမ္ဘာ့အလေးချိန်ချန်ပီယံအဖြစ် ရပ်တည်နေခဲ့ခြင်းဖြစ်သည်။
Dubois ကလည်း သူ၏ နောက်ပြိုင်ဘက် ၃ ဦးကို နောက်ဆုံးအကြိမ် စက်တင်ဘာလ တွင် Anthony Joshua အား အနိုင်ရပြီး Usyk နှင့် ဒုတိယအကြိမ် ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးရရှိခဲ့သည်။
တိုက်ပွဲအစီအစဉ်နှင့် စတင်ချိန်
- Prelims Kick Off – ညနေ ၁၂:၃၀ (ET)
- main event (Usyk vs. Dubois 2) – မွန်းလွဲ ၄:၄၅ (ET) (ခန့်မှန်း)
- ထုတ်လွှင့်မည့်နေရာ – DAZN Pay-Per-View
Usyk vs. Dubois 2 တိုက်ပွဲကြီးကို DAZN မှ PPV ဖြင့် တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်ပြီး၊ Undisputed Heavyweight Championship ချန်ပီယံဘွဲအတွက် မည်သူက အနိုင်ရမည်ကို စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။






