• Home
  • Football News
  • Premier League
  • လာမယ့်ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ချယ်လ်ဆီးအသင်း စိန်ခေါ်နိုင်မယ်လို အလန်ရှီးယား သုံးသပ်

လာမယ့်ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ချယ်လ်ဆီးအသင်း စိန်ခေါ်နိုင်မယ်လို အလန်ရှီးယား သုံးသပ်

ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေတဲ့ နယူးကာဆယ်ဂန္ထဝင် အလန်ရှီးယားက ချယ်လ်ဆီးအသင်းအနေနဲ့ လာမယ့် ၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်လိမ့်မယ်လို သုံးသပ်ပြောကြားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ နည်းပြ မာရက်စကာရဲ့ ပထမဆုံးရာသီမှာပဲ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့သလို၊ ကွန်းဖရန့်လိဂ်နဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုတွေကို ရယူနိုင်ခဲ့တာပါ။

ဒါ့ပြင် ချယ်လ်ဆီးအသင်းဟာ အခုနွေမှာ ဒီလပ်၊ ဂျော်အိုပတ်ဒရို၊ ဂစ်တန်စ်အပါအဝင် ကစားသမား (၈) ဦးကို ပေါင်သန်း (၂၂၀) ကျော်အထိ အသုံးပြုပြီး ခေါ်ယူထားပါတယ်။

ဒါကြောင့် ချယ်လ်ဆီးအသင်းအနေနဲ့ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို လီဗာပူးလ်၊ အာဆင်နယ်၊ မန်စီးတီးအသင်းတိုနဲ့ အပြိုင် စိန်ခေါ်နိုင်လိမ့်မယ်လို အလန်ရှီးယားက သုံးသပ်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အလန်ရှီးယားက “ချယ်လ်ဆီးရဲ့ လတ်တလောအောင်မြင်မှုတွေအရဆိုရင် လာမယ့်ရာသီမှာ သူတိုအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို မစိန်ခေါ်နိုင်ဘူးလို ပြောတဲ့သူဟာ တော်တော်သတ္တိကောင်းတဲ့သူ ဖြစ်ပါလိမ့်မယ်။ သူတိုရရှိခဲ့တဲ့ အောင်မြင်မှု၊ သူတိုခေါ်ယူထားတဲ့ ကစားသမားတွေနဲ့ ဆက်လက်ခေါ်ယူဦးမယ့် ကစားသမားတွေနဲ့ဆိုရင် ချယ်လ်ဆီးအသင်းဟာ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ပါလိမ့်မယ်”လို ပြောကြားခဲ့ပါတယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...