
ရီးယဲလ်မက်ဒရစ်အသင်းဟာ ဘင်ဖီကာအသင်းက
ခေါ်ယူထားတဲ့ စပိန်လူငယ် ဘယ်နောက်ခံလူ
ကာရဲရက်စ်ကို ယနေ့မှာ တရားဝင်မိတ်ဆက်ပွဲ
ပြုလုပ်ခဲ့ပါတယ်။
ရီးရဲလ်နဲ့ မန်ယူနိုက်တက်အကယ်ဒမီထွက်
ကာရဲရက်စ်ဟာ ရီးယဲလ်အသင်းနဲ့ ခြောက်နှစ်
သက်တမ်းရှိစာချုပ် ချုပ်ဆိုခဲ့ပြီး ပြောင်းရွှေ့ကြေး
ယူရို သန်း ၅၀ ဖြစ်ပေမဲ့ အရစ်ကျပေးချေရမှာ
ဖြစ်ပါတယ်။









