
မန်ယူဂိုးသမား အန်ဒရီအိုနာနာသည် ဒဏ်ရာကြောင့် အမေရိကန်ပြည်ထောင်စုတွင် ရာသီအကြို ခြေစမ်းပွဲစဉ်များတွင် ပါဝင်ကစားနိုင်တော့မည် မဟုတ်ကြောင်း သိရသည်။
အသက် ၂၉ နှစ်အရွယ် ကင်မရွန်း လက်ရွေးစင်ဂိုးသမားသည် ၂၀၂၃ ခုနှစ် တွင် ပြောင်းရွှေ့ကြေး ပေါင် ၄၇ ဒသမ ၂ သန်းဖြင့် အင်တာမီလန်အသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသူ ဖြစ်သည်။
နည်းပြ အမ်မိုရင်သည် အိုနာနာ ဒဏ်ရာရရှိမှုကြောင့် ရာသီအကြိုခြေစမ်းပွဲများတွင် အသက် ၂၇ နှစ်အရွယ် ဘယင်ဒါကို ပထမဦးစားပေးဂိုးသမားအဖြစ် အသုံးပြုသွားဖွယ်ရှိသည်။
မန်ယူအသင်းသည် အသက် ၃၉ နှစ် အရွယ် အင်္ဂလန်ဂိုးသမားဟောင်း တွန် ဟက်တန်ကို ယခု သီတင်းပတ်အတွင်း တစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။ မန်ယူအသင်းသည် ရာသီအကြို ခြေစမ်းပွဲစဉ်အဖြစ် ဇူလိုင် ၁၉ ရက်တွင် လိဒ်စ်အသင်းနှင့် ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။









