• Home
  • Team News
  • အာဖရိကအကောင်းဆုံးကစားသမားဆုအတွက် နောက်ဆုံးဆန်ခါတင်(၃)ဦးစာရင်း ထုတ်ပြန်

အာဖရိကအကောင်းဆုံးကစားသမားဆုအတွက် နောက်ဆုံးဆန်ခါတင်(၃)ဦးစာရင်း ထုတ်ပြန်

အာဖရိကဘောလုံးအဖွဲချုပ်(CAF)ဟာ ၂၀၂၅ ခုနှစ် အာဖရိကအကောင်းဆုံးကစားသမားဆုအတွက် နောက်ဆုံးဆန်ခါတင်(၃)ဦးစာရင်းကို မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အောက်တိုဘာလတုန်းက ဆန်ခါတင်ကစားသမား(၁၀)ဦးစာရင်း ထုတ်ပြန်ခဲ့ပြီးတဲ့နောက် အခု (၃)ဦးစာရင်းကို ထပ်မံထုတ်ပြန်လိုက်တာဖြစ်ပြီး ဆာလာ(အီဂျစ်၊ လီဗာပူးလ်)၊ ဟာကီမီ(မော်ရိုကို၊ PSG )၊ အိုဆင်မန်(နိုင်ဂျီးရီးယား၊ ဂါလာတာစာရေး)တို ပါဝင်ခဲ့ပါတယ်။

အာဖရိကဘောလုံးအဖွဲချုပ်ဟာ CAF Awards ဆုပေးပွဲမှာ အကောင်းဆုံးနည်းပြဆု၊ အကောင်းဆုံးလူငယ်ကစားသမားဆု၊ အကောင်းဆုံးဂိုးသမားဆု၊ အကောင်းဆုံးလက်ရွေးစင်အသင်းဆု၊ အကောင်းဆုံးကလပ်အသင်းဆု၊ အကောင်းဆုံးပြည်တွင်းကစားသမားဆုတွေကိုလည်း ချီးမြှင့်သွားမှာဖြစ်ပြီး အမျိုးသမီးတွေအတွက်လည်း ပါဝင်ပါတယ်။

အဲဒီဆုတွေအားလုံးအတွက် နောက်ဆုံးဆန်ခါတင်စာရင်းတွေ ထုတ်ပြန်ခဲ့တာဖြစ်ပြီး အကောင်းဆုံးအမျိုးသားနည်းပြဆုအတွက် ဆန်ခါတင်(၃)ဦးစာရင်းမှာ ကိတ်ဗာဒီနည်းပြ ဘူဘစ္စတာ၊ မော်ရိုကိုနည်းပြ ရီဂရာဂွီ၊ မော်ရိုကိုယူ-၂၀ နည်းပြ မိုဟာမက်အူယာဘီတို ပါဝင်ခဲ့ကြောင်း သိရပါတယ်။

ဒီဆုတွေအတွက် ၂၀၂၅ ဇန်နနဝါရီ(၆)ရက်ကနေ ၂၀၂၅ အောက်တိုဘာ(၁၅)ရက်အတွင်းက စွမ်းရည်ရည်အပေါ် အကဲဖြတ်ရွေးချယ်မှာဖြစ်ပြီး ဆုချီးမြှင့်ပွဲကို နိုဝင်ဘာ(၁၉)မှာ ပြုလုပ်မယ်လို သိရပါတယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...