
မန်ယူနိုက်တက်တိုက်စစ်မှူး ရှက်ရှကိုဟာ ဒူးဒဏ်ရာရခဲ့လို ကာလကြာရှည် အနားယူရဖို ရှိနေပါတယ်။
၎င်းဟာ စပါးနဲ့ နှစ်ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ၅၈ မိနစ်ရောက်မှ လူစားဝင်ကစားခွင့်
ရခဲ့ပြီး ၈၈ မိနစ်မှာ စပါးနောက်ခံလူ ဗန်ဒန်ဗန်နဲ့ ထိခိုက်မိလို ဒဏ်ရာရခဲ့တာဖြစ်တယ်။
ဆလိုဗေးနီးယားလက်ရွေးစင်ဟာ ကွင်းတွင်းကုသမှု ခံယူပြီး ကွင်းပြင်ကို လမ်းလျှောက်ထွက်ခဲ့ပါတယ်။
ဒါပေမဲ့ ပွဲအပြီးမှာ မန်ယူနိုက်တက်အသင်းနည်းပြ အာမိုရင်မ်က ရှက်ရှကိုရဲ့ဒဏ်ရာအပေါ် စိုးရိမ်မိတယ်လို ပြောခဲ့ပါတယ်။
ရှက်ရှကိုသာ ကာလရှည်နားရရင် မန်ယူနိုက်တက်တိုက်စစ်အတွက် ခေါင်းခဲစရာ ဖြစ်လာလိမ့်မယ်။
လာမယ့်လမှာ အမ်ဘူမို၊ အာမက်ဒီယာလိုတိုကိုအာဖရိကနိုင်ငံများဖလားပွဲ စေလွှတ်ရဖိုရှိနေလို
အာမိုရင်မ်အဖို မလွယ်လှပါဘူး။









