
အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ သောမတ်စ်တူဟယ်လ်က ရီးယဲလ်မက်ဒရစ်အသင်းက
ဘယ်လင်ဂမ်၊ မန်စီးတီးအသင်းက ဖိုဒန်တိုကို ပြန်လည်ရွေးချယ်မှုအပေါ် ရှင်းလင်းပြောကြား
ခဲ့ပါတယ်။
၎င်းက သက်ဆိုင်ရာကလပ်အသင်းတွေမှာ အတိုင်းထက်အလွန် ခြေစွမ်းပြနေလို ဘယ်လင်ဂမ်၊ ဖိုဒန်တိုကို ပြန်လည်ရွေးချယ်ခဲ့တာလို ပြောခဲ့တာဖြစ်တယ်။
ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ပြီးသား အင်္ဂလန်အသင်းဟာ အခုနိုင်ငံတကာရက်သတ္တပတ်မှာ
ဆားဘီးယား၊ အယ်လ်ဘေးနီးယားအသင်းတွေနဲ့ ကစားရမှာပါ။
”သူတိုဟာ ရီးယဲလ်မက်ဒရစ်နဲ့ မန်စီးတီးရဲ့အောင်မြင်မှုမှာ ပုံမှန်ကစားခွင့်ရပြီး ကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ သူတိုဟာ အဆုံးအဖြတ်ဂိုးတွေ ပုံမှန်သွင်းပေးနေကြတယ်။သူတို ပုံစံကောင်းပြန်ရပြီး ကျွန်တော်တိုထံ ပြန်လာ
နိုင်လို ဝမ်းသာမိပါတယ်”လို တူဟယ်လ်ကပြောခဲ့ပါတယ်။
ဒါ့အပြင် ၎င်းက ပထမဆုံးအကြိမ် ရွေးချယ်ခဲ့တဲ့ ဘုန်းမောက်ကွင်းလယ်လူ အဲလက်စ်စကော့မှာလည်း အင်္ဂလန်အသင်းနဲ့ ထိုက်တန်တယ်လို မှတ်ချက်ပြုခဲ့ပါတယ်။
အခုအင်္ဂလန်အသင်းလူစာရင်းမှာ ရီးယဲလ်နောက်ခံလူ အာနိုးလ်၊ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနေတဲ့ ဘရိုက်တန်တိုက်စစ်မှူး ဝဲလ်ဘက်နဲ့ အဲဗာတန်ကစားသမား ဂရီးလစ်ရှ်တို မပါဝင်လာခဲ့ပါဘူး။









