• Home
  • Team News
  • ဆားဘီးယားကလပ်နည်းပြတစ်ဦး ပွဲအတွင်း လဲကျသေဆုံး

ဆားဘီးယားကလပ်နည်းပြတစ်ဦး ပွဲအတွင်း လဲကျသေဆုံး

ဆားဘီးယားကလပ် ရက်နစ်ကီအသင်းနည်းပြမီလာဒန်ဇီဇိုဗစ်(၄၄ နှစ်)ဟာ ပွဲကစားနေစဉ်အတွင်း ကွင်းဘေးမှာ နှလုံးရောဂါကြောင့် လဲကျပြီးသေဆုံးခဲ့ရပါတယ်။

ဘော့စနီးယားနိုင်ငံသား ဇီဇိုဗစ်ဟာ မီလာဒေါ့စ်အသင်းနဲ့ကစားတဲ့ပွဲ ပွဲချိန် ၂၂ မိနစ်မှာ လဲကျခဲ့တာဖြစ်တယ်။

ဇီဇိုဗစ်ကို ဆေးရုံကို ချက်ချင်းတင်ပိုခဲ့ပေမဲ့ သေဆုံးခဲ့ရပါတယ်။

ဘောလုံးပွဲ ပြန်ကစားပြီးနောက် မိနစ် ၂၀ အကြာမှာ ဇီဇိုဗစ်သေဆုံးမှုကို ကြေညာခဲ့ပြီး ပွဲကို ရွှေ့ဆိုင်း
ခဲ့ပါတယ်။

၂၀၁၆ ခုနှစ်မှာ ကစားသမားဘဝက အနားယူခဲ့တဲ့
ဇီဇိုဗစ်ဟာ ရက်နစ်ကီအသင်းကို အောက်တိုဘာလ ၂၃ ရက်ကမှ စတင်တာဝန်ယူခဲ့ပြီး အခုပွဲအပါအဝင် သုံးပွဲသာ ကိုင်တွယ်ခဲ့ရပါတယ်။

၎င်းဟာ ဘော့စနီးယားလက်ရွေးစင်အသင်းအတွက် နှစ်ပွဲကစားခဲ့ပြီး ကစားသမားဘဝကို ဘော့စနီးယားနဲ့ အယ်လ်ဘေးနီးယားနိုင်ငံတွေမှာ ကျင်လည်ကစားခဲ့ပါတယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...