• Home
  • Team News
  • ဒေးဗစ်ဘက်ခမ်ကို ဆာဘွဲ အပ်နှင်း

ဒေးဗစ်ဘက်ခမ်ကို ဆာဘွဲ အပ်နှင်း

ဗြိတိန်ဘုရင် ချားလ်စ်က အင်္ဂလန်ဘောလုံးအသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်ကို ဆာဘွဲအပ်နှင်းခဲ့ပါတယ်။

ဘက်ခမ်(၅၀ နှစ်)ဟာ အခုနှစ်အစောပိုင်းက ထုတ်ပြန်တဲ့ ချားလ်စ်ဘုရင်မွေးနေ့ ဂုဏ်ပြုခံစာရင်းမှာ ပါဝင်ခဲ့ပြီး အခုမှ အခမ်းအနားနဲ့ ပေးအပ်ခဲ့တာပါ။

အဆိုပါအခမ်းအနားကို ဝင်ဆာရဲတိုက်မှာ ယနေ့ပြုလုပ်ခဲ့ပြီး ဘက်ခမ်ဟာ ဘောလုံးနဲ့ ဗြိတိန်လူမှုအဖွဲအစည်းအား သူ့ရဲ့လုပ်ဆောင်မှုများအတွက် ချီးမြှင့်ခံခဲ့ရတာပါ။

”ကျွန်တော် မော်ကြွားသူတစ်ဦး မဟုတ်ပါဘူး။ ကျွန်တော် ဘယ်လိုမျိုးချစ်စိတ်ရှိသလဲ၊ တိုင်းပြည်ကို ဘယ်လောက်ချစ်သလဲဆိုတာ လူတွေ သိကြပါတယ်။ ကမ္ဘာတစ်ဝန်းခရီးသွားခွင့်ရလို ကျွန်တော် ကံကောင်းပါတယ်။ လူတွေကလည်း ကျွန်တော်တိုရဲ့ဘုရင်အကြောင်း ပြောချင်ကြတယ်။ ဒါက
ကျွန်တော့်အဖို ဂုဏ်ယူစရာပါပဲ”လို ဘက်ခမ်က
ပြောခဲ့ပါတယ်။

ဘက်ခမ်ဟာ အခမ်းအနားကို ဇနီးဖြစ်သူ ဗစ်တိုးရီးယား၊ မိဘနှစ်ပါးနဲ့အတူ တက်ရောက်ခဲ့ပါတယ်။

ဗစ်တိုးရီးယားအနေနဲ့ ၂၀၁၇ ခုနှစ်က OBE ဂုဏ်ထူးဆောင်ဘွဲ အပ်နှင်းခံခဲ့ရပါတယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...