
ဂျီနိုအာအသင်းနည်းပြ ပက်ထရစ်ဗီယာရာဟာ ရလဒ်ဆိုးတွေကြောင့် ရာထူးက ထုတ်ပယ်ခံခဲ့
ရပါတယ်။
အာဆင်နယ်နဲ့ ပြင်သစ်ကွင်းလယ်လူဟောင်းဟာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလက ဂျီနိုအာအသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတာပါ။
ပြီးခဲ့တဲ့ရာသီမှာ ဂျီနိုအာအသင်းကို ရာသီကုန် အဆင့် ၁၃ နေရာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။
ဒါပေမဲ့ အခုရာသီမှာ ဂျီနိုအာအသင်းဟာ အမှတ်ပေးဇယားအောက်ဆုံး ရောက်နေတဲ့အထိ အခြေအနေဆိုးနေတာပါ။
အခုရာသီ စီးရီးအေကိုးပွဲမှာ နိုင်ပွဲမရှိဘဲ သုံးပွဲသရေကျပြီး ခြောက်ပွဲအထိ အရေးနိမ့်ထားခဲ့တာဖြစ်တယ်။
တနင်္လာနေ့မှာကစားမယ့် ဆာဆူအိုလိုနဲ့ပွဲကို
မာဂီတာနဲ့ ခရစ်စီတိုတိုက ယာယီနည်းပြအဖြစ် တာဝန်ယူမယ်လို သိရပါတယ်။









