
ဘရိုက်တန်နဲ့ပွဲမှာ ဘရူနိုဖာနန်ဒက်စ် ပြိုင်ပွဲစုံ ပွဲ ၃၀၀ ပြည့်မြောက်
မန်ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ဟာ ဘရိုက်တန်နဲ့ပွဲမှာ ပွဲထွက်ကစားပြီးနောက် အသင်းနဲ့အတူ ပြိုင်ပွဲစုံ ပွဲ ၃၀၀ ပြည့်မြောက်ခဲ့ပါတယ်။
၃၁ နှစ်ရှိပြီဖြစ်တဲ့ ဖာနန်ဒက်စ်ဟာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှာ ပြောင်းရွှေ့ကြေး ယူရို ၅၅ သန်းနဲ့ ရောက်ရှိလာပြီး ဖာဂူဆန်ခေတ်လွန်မှာ အသင်းရဲ့အကောင်းဆုံးခေါ်ယူမှုတွေထဲက တစ်ခု ဖြစ်ခဲ့ပါတယ်။
၎င်းဟာ မန်ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်ပွဲ ၂၀၄ ပွဲ၊ FA ဖလား ပွဲ ၂၃ ပွဲ၊ လိဂ်ဖလားပွဲ ၁၄ ပွဲ၊ ဥရောပပွဲ ၅၈ ပွဲ၊ ကွန်မြူနတီဒိုင်းပွဲ တစ်ပွဲ ကစားခဲ့ပါတယ်။
အခု ပွဲ ၃၀၀ ပြည့်မှာ ဂိုးပါဝင်ပတ်သက်မှု ၁၈၇ ဂိုးရှိကာ ဂိုး ၁၀၀ သွင်းပြီး ၈၇ ဂိုး ဖန်တီးပေးခဲ့ပါတယ်။
မန်ယူနိုက်တက်အသင်းမှာကစားတဲ့ ခြောက်ရာသီနီးပါးမှာ ပရီးမီးယားလိဂ် ရှစ်ပွဲသာ လွဲချော်ခဲ့ပါတယ်။
၎င်းဟာ အသင်းနဲ့အတူ လိဂ်ဖလား၊ FA ဖလားတွေ ဆွတ်ခူးထားပါတယ်။









