• Home
  • Football News
  • Premier League
  • ပါလ်မာရဲ့ဒဏ်ရာ မသက်သာတဲ့အတွက် နောက်ထပ်ခြောက်ပတ် ထပ်နားရမယ်လို မာရက်စကာ အတည်ပြု

ပါလ်မာရဲ့ဒဏ်ရာ မသက်သာတဲ့အတွက် နောက်ထပ်ခြောက်ပတ် ထပ်နားရမယ်လို မာရက်စကာ အတည်ပြု

ချယ်လ်ဆီးအသင်းရဲ့နည်းပြ မာရက်စကာက အင်္ဂလန်တောင်ပံကစားသမား ပါလ်မာရဲ့ ပေါင်ခြံဒဏ်ရာ သက်သာခြင်းမရှိတဲ့အတွက် နောက်ထပ်ခြောက်ပတ် ထပ်နားရမယ်လို အတည်ပြုပြောကြားခဲ့ပါတယ်။

ပါလ်မာဟာ ပြီးခဲ့တဲ့ရာသီမှာ ပြိုင်ပွဲစုံ ၁၈ ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့သူဖြစ်ပြီး နွေရာသီမှာ ကျင်းပခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အကောင်းဆုံးကစားသမားဆု ရရှိခဲ့ပါတယ်။

ဒါပေမဲ့ ရာသီသစ်စတင်ချိန်မှာ ပေါင်ခြံဒဏ်ရာနဲ့ ရင်ဆိုင်ခဲ့ရတဲ့အတွက် ပရီးမီးယားလိဂ်သုံးပွဲနဲ့ ချန်ပီယံလိဂ်တစ်ပွဲသာ ကစားနိုင်ခဲ့ပါတယ်။

မာရက်စကာက ပါလ်မာကို အောက်တိုဘာလ နိုင်ငံတကာရက်သတ္တပတ် မတိုင်ခင်ကတည်းက အနားပေးခဲ့ပြီး နိုဝင်ဘာလမှာ ကြံ့ခိုင်မှုပြည့်ဝစွာနဲ့ ပြန်ကစားနိုင်ဖို မျှော်လင့်ခဲ့ပေမဲ့ အခု သူ့ရဲ့ ထင်မြင်ချက် မှားယွင်းခဲ့ပြီဖြစ်ကြောင်းလည်း ဝန်ခံခဲ့ပါတယ်။

ဒီနေ့ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မာရက်စကာက ”ကျွန်တော် မှားယွင်းခဲ့ပါတယ်။ ကံမကောင်းစွာပဲ သူက နောက်ခြောက်ပတ် အနားယူဖို လိုအပ်နေပါတယ်။ ကျွန်တော်တို သူ့ကို ကာကွယ်ပေးဖို တတ်နိုင်သလောက် ကြိုးပမ်းခဲ့ပါတယ်။ အရေးအကြီးဆုံးက သူ ပြန်ကစားနိုင်ချိန်မှာ ကြံ့ခိုင်မှုပြည့်ဝနေဖိုပါ။ ဆေးအဖွဲက မှော်ဆရာတွေ မဟုတ်ပါဘူး။ ခြောက်ပတ်က လုံလောက်မယ်လို ကျွန်တော်တို မျှော်လင့်ပါတယ်။ တစ်ဆင့်ချင်း စောင့်ကြည့်သွားရမှာပါ။ သေချာတာကတော့ သူ အဆင်ပြေမှာပါ” ဟု ပြောကြားခဲ့သည်။

ပါလ်မာသည် ဒီဇင်ဘာလဆန်းမှ ပြန်ကစားနိုင်မှာဖြစ်လို ချယ်လ်ဆီးအသင်းရဲ့ ပွဲစဉ် ၁၀ ပွဲခန့်ကို ထပ်မံလွဲချော်ဖွယ်ရှိနေပြီး ပရီးမီးယားလိဂ်မှာ စပါး၊ အာဆင်နယ်၊ ချန်ပီယံလိဂ်မှာ ဘာစီလိုနာနဲ့ ဆုံတွေ့ရမယ့်ပွဲတွေလည်း ပါဝင်နေကြောင်း သိရပါတယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...