
ဘန်လေအသင်းရဲ့ အင်္ဂလန်ဝါရင့်နောက်ခံလူ ကိုင်လီဝေါ်လ်ကာက မန်စီးတီးအသင်းက ထွက်ခွာခဲ့တဲ့အပေါ် နောင်တရမိတယ်လို ပြောကြားခဲ့ပါတယ်။
ကလပ်အသင်းခေါင်းဆောင်အနေနဲ့ အသင်းဖော်တွေ ရုန်းကန်နေရတဲ့အပေါ် နားလည်ခဲ့သင့်တယ်လိုလည်း ဝန်ခံခဲ့ပါတယ်။
ဝေါ်လ်ကာ(၃၅ နှစ်)ဟာ မန်စီးတီးအသင်းမှာ ပုံမှန်နေရာမရလို စီးရီးအေကလပ် အေစီမီလန်အသင်းထံ ပြီးခဲ့တဲ့ဇန်နဝါရီလက အငှားသွားကစားခဲ့ပါတယ်။
၎င်းဟာ ခြောက်လအငှားနဲ့ ပြိုင်ပွဲစုံ ၁၆ ပွဲ ကစားခဲ့ပြီး အပြီးသတ်ခေါ်ယူခွင့်အချက် ပါဝင်ပေမဲ့ အေစီမီလန်အသင်းက စာချုပ်မချုပ်ဆိုခဲ့ပါဘူး။
ပြီးခဲ့တဲ့နွေရာသီကာလမှာတော့ တန်းတက် ဘန်လေအသင်းထံ နှစ်နှစ်စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။
ဝေါ်လ်ကာဟာ အငှားထွက်ကစားချိန်မှာ ဇနီးဖြစ်သူ အန်နီကေလ်နာနဲ့ ကွာရှင်းပြတ်စဲလုနီးပါး အခြေအနေလည်း ရောက်ခဲ့ပါတယ်။









