• Home
  • Football News
  • ဒက်ကလန်ရိုက်စ်မှာ နောက်ကျောဒဏ်ရာရှိနေတယ်လို့ အာတေတာ ပြောကြား

ဒက်ကလန်ရိုက်စ်မှာ နောက်ကျောဒဏ်ရာရှိနေတယ်လို့ အာတေတာ ပြောကြား

ဒက်ကလန်ရိုက်စ်မှာ နောက်ကျောဒဏ်ရာရှိနေတယ်လို့ အာတေတာ ပြောကြား

အာဆင်နယ်အသင်းရဲ့နည်းပြ အာတေတာက အင်္ဂလန်ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်မှာနောက်ကျောဒဏ်ရာရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒက်ကလန်ရိုက်စ်ဟာ အသင်းဟောင်း ဝက်စ်ဟမ်းနဲ့ ဆုံတွေ့ခဲ့တဲ့ပွဲမှာ အာဆင်နယ်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ နောက်ကျောမှာ နာကျင်မှုခံစားခဲ့ရတာကြောင့် ပွဲချိန်(၇၉)မိနစ်မှာ လူစားလဲပေးဖို့ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။

”ဒက်ကလန်က နောက်ကျောမှာ နာကျင်နေတာကြောင့် လူစားလဲဖို့ တောင်းဆိုခဲ့ပါတယ်။ သူ ဆက်မကစားနိုင်လို့ တောင်းဆိုခဲ့တာဖြစ်ပြီး အခြေအနေကို စောင့်ကြည့်ရမှာပါ” လို့ အာတေတာက ပြောကြားခဲ့ပါတယ်။

ဒက်ကလန်ရိုက်စ်ဟာ ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် ပွဲတိုင်းကစားပေးထားပေမဲ့ လာမယ့် အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ပွဲတွေမှာတော့ ပါဝင်ကစားနိုင်ဖို့ မသေချာသေးဘူးလို့ သိရပါတယ်။

အင်္ဂလန်အသင်းဟာ အောက်တိုဘာလ နိုင်ငံတကာရက်သတ္တပတ်မှာ ဝေးလ်စ်နဲ့ ခြေစမ်းပွဲ၊ လတ်ဗီးယားနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...