
ချန်ပီယံလိဂ် League Phase ပွဲစဉ် ၂ ရဲ့အကောင်းဆုံးကစားသမားလေးဉီးစာရင်းမှာ နာပိုလီတိုက်စစ်မှူး
ဟွိင်လန်း ပါဝင်ခဲ့ပါတယ်။
ဟွိင်လန်းက စပိုတင်းလစ္စဘွန်းအသင်းကို အနိုင်ရတဲ့ပွဲမှာ
နာပိုလီအသင်းအတွက် ဂိုးနှစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ကွင်းလယ်လူဒီဘရိုင်းနား ဖန်တီးပေးတာကနေ
ဟွိင်လန်းကဂိုးတွေသွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။
နာပိုလီနဲ့စပိုတင်းလစ္စဘွန်းပွဲရဲ့အကောင်းဆုံးကစားသမားဆုကို ဟွိင်လန်း ရရှိခဲ့ပါတယ်။
မန်ယူမှာ နာမည်ပျက်ခဲ့ပေမယ့် ဟွိင်လန်းက နာပိုလီနဲ့အတူ
အကောင်းဆုံးပြန်လာနိုင်ခဲ့ပါပြီ။









