• Home
  • Football News
  • အနည်းဆုံး တိုက်စစ်မှူးနောက်တစ်ဦး လိုအပ်တယ်လို အာနယ်ဆလော့ ပြောကြား

အနည်းဆုံး တိုက်စစ်မှူးနောက်တစ်ဦး လိုအပ်တယ်လို အာနယ်ဆလော့ ပြောကြား

လီဗာပူးလ်အသင်းရဲ့နည်းပြ အာနယ်ဆလော့က နွေရာသီမှာ ကစားသမားသစ်များစွာ ခေါ်ယူအားဖြည့်ထားပြီးဖြစ်ပေမဲ့ တိုက်စစ်မှူးနောက်တစ်ဦး အနည်းဆုံးလိုအပ်တယ်လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီနှစ် နွေရာသီမှာ ကစားသမားသစ်(၈)ဦး ခေါ်ယူထားပြီး ကနဦးပြောင်းရွှေ့ကြေးတင်ပဲ ပေါင်(၂၆၅)သန်း အသုံးပြုထားပါတယ်။

ဒါပေမဲ့ အဲဒီကစားသမားသစ်တွေထဲမှာ တိုက်စစ်မှူးက ပြင်သစ်ကစားသမား အီကီတိုက်နဲ့ အင်္ဂလန်ဆယ်ကျော်သက် ဝီလ်ရိုက်တို့ပဲ ပါဝင်ပါတယ်။

လီဗာပူးလ်အသင်းက နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်ကို ခေါ်ယူဖို့ ကြိုးစားနေပမဲ့ မအောင်မြင်သေးသလို၊ ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူးနက်ဇ်ကိုလည်း ရောင်းထုတ်ထားပါတယ်။

ဒါကြောင့် အသင်းရဲ့တိုက်စစ်ပိုင်းအပေါ် မေးမြန်းခဲ့ရာမှာ အာနယ်ဆလော့က ”ဟူဂို(အီကီတိုက်)ကို No.9 ကစားသမားအဖြစ် ကျွန်တော် အဓိကသိထားပါတယ်။ သူက ဘယ်တောင်ပံ ဒါမှမဟုတ် တခြား No.9 တစ်ယောက်နဲ့လည်း တွဲကစားနိုင်ပါတယ်။ ကျွန်တော်တို့ အနည်းဆုံး တိုက်စစ်မှူးနောက်တစ်ယောက် လိုအပ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Facebook
Threads
X
Telegram
WhatsApp

Related Posts

29 November 2025
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြား
အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ပွဲကလို ပရိသတ်တွေရဲ့အားပေးမှုမျိုး လိုအပ်ကြောင်း မာရက်စကာ ပြောကြားချယ်လ်ဆီးအသင်းရဲ့နည်းပြ အန်ဇိုမာရက်စကာက အခုတစ်ပတ် အာဆင်နယ်နဲ့...
29 November 2025
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချ
ဂေးယီရဲ့အနီကတ်ပြစ်ဒဏ်အယူခံကို FA ပယ်ချအဲဗာတန်ကွင်းလယ်လူ ဂေးယီရဲ့ အနီကတ်ပြစ်ဒဏ်အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ပယ်ချခဲ့ပါတယ်။အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မွိုက်စ်က ဂေးယီရဲ့အယူခံပတ်သက်ပြီး...
29 November 2025
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြု
ပဲလေ့စ်နဲ့ပွဲမှာ ကူညာနဲ့ ရှက်ရှကို မပါဝင်နိုင်ဘူးလို့ အာမိုရင်မ် အတည်ပြုမန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ...
27 November 2025
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို မန်ယူအသင်း ကြိုးပမ်းနေ
ဝုလ်ဗ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီမှာခေါ်ယူဖို့ မန်ယူအသင်း ကြိုးပမ်းနေမန်ယူအသင်းဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂျော်အိုဂိုးမက်စ်ကို ဇန်နဝါရီစျေးကွက်မှာ ခေါ်ယူဖို့...
27 November 2025
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်
အာဆင်နယ်ရဲ့ချန်ပီယံဆုဖလား ရိတ်သိမ်းချိန်ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ပိုလှပလာတယ်။ပရီးမီးယားလိဂ်မှာသာမကဘဲ ချန်ပီယံလိဂ်မှာပါ...