
ချယ်လ်ဆီးအသင်းဟာ အသင်းကစားသမားတွေဖြစ်တဲ့ ဒူးဘူရီဟောလ်နဲ့ အူဂိုချူကူတို့ကို ရောင်းချသွားမှာဖြစ်ပါတယ်။
ကွင်းလယ်လူနှစ်ဦးဖြစ်တဲ့ ဒူးစ်ဘူရီဟောလ်က အဲဗာတန်၊ အူဂိုချူကူက ဘန်လေအသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရထားခဲ့ပါတယ်။
အဲဗာတန်အသင်းဟာ ဒူးစ်ဘူရီဟောလ်(၂၆ နှစ်)အတွက် ပြောင်းရွှေ့ကြေး ပေါင် ၂၈ သန်းဝန်းကျင် ကုန်ကျနိုင်ပါတယ်။
ကနဦးပြောင်းရွှေ့ကြေး ပေါင် ၂၄ သန်း ပေးချေရမှာဖြစ်ပြီး add-ons ကြေးက ပေါင် သုံးသန်းနဲ့ လေးသန်းအကြား ရှိပါတယ်။
ဒူးစ်ဘူရီဟောလ်ကို အဲဗာတန်အသင်းနဲ့အပြိုင် ဖူလ်ဟမ်အသင်းကလည်း စိတ်ဝင်စားခဲ့ပါတယ်။
အူဂိုချူကူကတော့ ဘန်လေးအသင်းနဲ့ ငါးနှစ်စာချုပ် ချုပ်ဆိုဖို့ ရှိပါတယ်။
အူဂိုချူကူရဲ့ပြောင်းရွှေ့ကြေးကို သတင်းတွေမှာ ဖော်ပြမထားခဲ့ပါဘူး။









